အာရှရဲ့ ပထမဆုံး နံပါတ်မဲ့ငွေပေးချေရေးကတ်ကို Grab ဖြန့်ချိ

အရှေ့တောင်အာရှရဲ့ အငှားယာဉ်ဝေမျှစီးနင်းမှု platform ကိုဦးဆောင်ထားတဲ့ Grab ဟာ ဒီဂျစ်တယ်ငွေပေးချေမှု လောကထဲ ဝင်ရောက်လာပါပြီ။

ဒီဇင်ဘာ ၅ရက်မှာ Grab က Mastercard နဲ့ပူးပေါင်းပြီး အာရှရဲ့ ပထမဆုံးနံပါတ်မဲ့ ငွေပေးချေရေးကတ်ကို ဖြန့်ချိလိုက်ပါတယ်။ အခုကတ်ကို Mastercard ရဲ့ကမ္ဘာတစ်ဝန်း ကွန်ရက်အတွင်းက လက်ကားစီးပွားရေးသမား ၅၃ သန်းကျော် လက်ခံသုံးစွဲနိုင်ပါတယ်။ ကတ်ရဲ့ ဒီဂျစ်တယ် အချက်အလက်တွေက ကတ်ထဲက ငွေကြေးသုံးစွဲမှု ကတ်ကိုင်ဆောင်သူရဲ့ အသေးစိတ် အချက်အလက်တွေအားလုံးကို GrabPay feature လိုမျိုးနဲ့ ခြေရာခံသွားပါမယ်။

ကတ်ရဲ့ ရှေ့နဲ့နောက်မှာ နံပါတ်မပါဝင်တဲ့အတွက် တစ်ကိုယ်ရေ အချက်အလက်နဲ့ ဘဏ္ဍာရေးအချက်အလက် ခိုးယူမှုကို တားဆီးဖို့ ဖြစ်ပါတယ်။

GrabPay ကတ်ကို အစုလိုက်ထုတ်လုပ်မှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် အစောပိုင်းမှာ စင်ကာပူကနေ ဖိလစ်ပိုင်အထိ ဖြန့်ချိမှာ ဖြစ်ပါတယ်။ စင်ကာပူက သုံးစွဲသူတွေအနေနဲ့ ဒီဂျစ်တယ်မှာ ငွေကြေးအလုံအလောက် လက်ခံရရှိတဲ့အခါ ကတ်အတွက် လျှောက်ထားနိုင်ပါတယ်။

“MasterCard ကထောက်ပံ့ထားတဲ့ GrabPay Card ဟာ GrabPay ကို ဆက်လက်တိုးတက်စေပါတယ်။ Mastercard နဲ့ပူးပေါင်းမှုက ပွင့်လင်းမြင်သာတဲ့ ငွေပေးချေမှုစနစ်ကို ရွေ့လျားနိုင်ပြီး လက်ကားကုန်သည် သန်းပေါင်းများစွာဆီ reward point တွေရရှိ၊ သုံးစွဲနိုင်ကာ အာဆီယံရဲ့စစ်မှန်တဲ့ wallet ဖြစ်တဲ့ GrabPay အတွက် အရေးပါတဲ့ခြေလှမ်းလည်းဖြစ်တယ်” လို့ GrabPay စီမံခန့်ခွဲမှုဒါရိုက်တာ Huey Tyng Ooi က ပြောခဲ့ပါတယ်။

စိုးထက်
Ref: Mashable