အာရှ-ရန်ကုန် Regional Programming Contest ကျင်းပမည်

အာရှ-ရန်ကုန် Regional Programming ပြိုင်ပွဲ (Asia Yangon Regional Programming Contest) ကျင်းပသွားမယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားကို မြန်မာနိုင်ငံအပါအဝင် အာရှပစိဖိတ်ဒေသတွင်း နိုင်ငံခုနစ်နိုင်ငံမှ ပါဝင်မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၉ ရက် နဲ့ ၁၀ ရက်တွေမှာ ကျင်းပမှာဖြစ်ကြောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ ကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ ထိုင်ဝမ်၊ ဂျပန်၊ အင်ဒိုနီးရှား နိုင်ငံတွေရဲ့အသင်းတွေ ပါဝင်မှာဖြစ်ပြီး ပြည်ပတက္ကသိုလ် (အာရှဒေသ) ကအသင်း ၁၅ သင်းပါဝင်မယ်လို့ သိရပါတယ်။ နိုင်ငံတကာအချင်းချင်း ပြည်တွင်းပြည်ပကျောင်း သားတွေရဲ့ရင်းနှီးချစ်ကြည်ရေး ပိုမိုခိုင်မာလာစေဖို့ ဒီအခမ်းအနားကို ကျင်းပတာဖြစ်ပြီး ကျောင်းသားတွေအချင်းချင်း အသိပညာတွေ ဖလှယ်နိုင်မယ်လို့ ဆိုပါတယ်။ အဲဒီ Asia Yangon Regional Programming Contest ကို အမေရိကန်အခြေစိုက် နည်းပညာ အဖွဲ့အစည်းဖြစ်တဲ့ Association for Computing Machinery (ACM) နဲ့ Baylor University မဗ ICPC အဖွဲ့တို့ရဲ့ နည်းပညာပံ့ပိုးကူညီမှုနဲ့ ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း