အာရှရုပ်ရှင်ဇာတ်လမ်းများကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်မည့် ဘိုင်စကုပ် Byscote Application ထွက်ရှိ

အာရှရုပ်ရှင်ဇာတ်လမ်းများကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်မယ့် ဘိုင်စကုပ်(Byscote) Application ထွက်ရှိလာပါတယ်။ကိုးရီးယား၊ တရုတ်၊ ဖိလစ်ပိုင်စတဲ့ ဇာတ်လမ်းတွေရဲ့ ဇာတ်လမ်းတို၊ ဖျော်ဖြေရေးဏ္ဍတွေကို ခွဲခြားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

“ဒီတစ်နှစ်တာအတွင်းမှာ ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ အွန်လိုင်း Android စမတ်ဖုန်းအတွက် Application ၇ ခုကိုမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ အမြန်ဆုံးနဲ့ ယုံကြည်စိတ်ချရတဲ့ အွန်လိုင်းနည်းပညာတစ်ခုကို ပြုလုပ်ဖို့ရည်ရွယ်ပါတယ်” ဟု Myanmar Online Creation ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ဦးဝင်းအုန်းကပြောပါတယ်။

ပထမလတွင် အခမဲ့ဝင်ရောက်ကြည်ရှုနိုင်သော်လည်း နောက်ပိုင်းတွင် တစ်လစာကြည့်ရှု အသုံးပြုခအတွက် လစဉ်ကြေး ၁၀၀၀ ကျပ်ပေးသွင်းရမှာ ဖြစ်ပါတယ်။ Application ကို Android အတွက် ထုတ်ပေးထားသော်လည်း iOS အတွက် လတ်တလောတွင် ထုတ်ပေးထားခြင်း မရှိကြောင်း၊ ဖိုင်အရွယ်အစားမှာ 1.5 MB ရှိပြီး Android 4.4 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်ကြောင်း၊ အသုံးပြုလိုသူတွေအနေနဲ့ Google Playstore တွင်အခမဲ့ ရယူအသုံးပြုနိုင်ပါတယ်။

-အောင်သက်ကို