
[ Zawgyi ]


“အခုဝန်ဆောင်မှုက Cloud နည်းပညာကို အခြေထားခံထားတဲ့အတွက်ကြောင့် Wi-Fi Router မှာ Simcard ထည့်ထားမှာ မဟုတ်ပါဘူး၊ ကိုယ်သွားတဲ့ နိုင်ငံပေါ်မူတည်ပြီးတော့ ကုမ္ပဏီကို အကြောင်းကြားပေးရမှာပါ၊ နိုင်ငံအလိုက် အင်တာနက် အသုံးပြုနိုင်အောင် Internet Server ချိတ်ပေးမှာဖြစ်တဲ့အတွက် အဲ့ဒီနိုင်ငံမှာ အင်တာနက်အသုံးပြုနိုင်မှာပါ၊ အာရှနိုင်ငံအားလုံးကို သယ်ယူအသုံးပြုနိုင်မှာပါ၊ အင်တာနက်မြန်နှုန်းကတော့ 7MB ကနေ 8MB အထိ မြန်နှုန်းရပါတယ်” လို့ Wi-Ho Myanmar က Business Deveploment Manager ဖြစ်သူ ဦးပြည့်စုံကပြောပါတယ်။



-အောင်သက်ကို

==========

[ Unicode ]

အာရှနိုင်ငံများသို့ သယ်ယူအသုံးပြုနိုင်သည့် Wi-Fi Router တပ်ဆင်နိုင်

==========

Wi-Ho Myanmar က ၀န်ဆောင်မှုကို ပေးအပ်သွားမှာဖြစ်ကာ မိုဘိုင်းဆင်းမ်ကတ် ထည့်သွင်းရန်မလိုတဲ့ Wi-Fi Router ကို တပ်ဆင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ပြည်တွင်းမှာသာမက အာရှနိုင်ငံတွေအထိပါ အင်တာနက်ဒေတာကို သယ်ယူအသုံးပြုနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။

“အခုဝန်ဆောင်မှုက Cloud နည်းပညာကို အခြေထားခံထားတဲ့အတွက်ကြောင့် Wi-Fi Router မှာ Simcard ထည့်ထားမှာ မဟုတ်ပါဘူး၊ ကိုယ်သွားတဲ့ နိုင်ငံပေါ်မူတည်ပြီးတော့ ကုမ္ပဏီကို အကြောင်းကြားပေးရမှာပါ၊ နိုင်ငံအလိုက် အင်တာနက် အသုံးပြုနိုင်အောင် Internet Server ချိတ်ပေးမှာဖြစ်တဲ့အတွက် အဲ့ဒီနိုင်ငံမှာ အင်တာနက်အသုံးပြုနိုင်မှာပါ၊ အာရှနို်င်ငံအားလုံးကို သယ်ယူအသုံးပြုနိုင်မှာပါ၊ အင်တာနက်မြန်နှုန်းကတော့ 7MB ကနေ 8MB အထိ မြန်နှုန်းရပါတယ်” လို့ Wi-Ho Myanmar က Business Deveploment Manager ဖြစ်သူ ဦးပြည့်စုံကပြောပါတယ်။

လစဉ်ကြေးအနေနဲ့ တစ်ရက်ကို ၄ ဒေါ်လာနှုန်းနဲ့ တစ်လလျှင် ၁၂၄ ဒေါ်လာကျသင့်မှာဖြစ်ကာ အင်တာနက်ကို အကန့်အသတ်မရှိ အသုံးပြုနိုင်ကြောင်း သိရပါတယ်။ အိတ်ဆောင်အရွယ်အစား ဖြစ်ကာ Power Bank အနေနဲ့လည်း အသုံးပြုနိုင်ပြီး ၁၅ နာရီကြာ အသုံးပြုနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အသေးစိတ် သိလိုသူတွေအနေနဲ့ Wi-Ho Myanmar ဖုန်း-၀၉ ၄၅၀၀၆၄၀၂၀ ကို ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

-အောင်သက်ကို