အာမခံပစ္စည်းမလိုသောချေးငွေအတွက် Wave Money နှင့် ရိုးမဘဏ်တို့ ပူးပေါင်းဆောင်ရွက်

Wave Money နှင့် ရိုးမဘဏ်တို့ ပူးပေါင်းဆောင်ရွက်လိုက်ပြီး အဆိုပါပူးပေါင်းမှုမှတစ်ဆင့် Wave Money ကိုယ်စားလှယ်တွေအနေနဲ့ ရိုးမဘဏ်မှ အာမခံစ္စည်းမလိုတဲ့ လွယ်ကူလျင်မြန်တဲ့ ချေးငွေကို ရယူနိုင် မယ်လို့ သိရပါတယ်။

“အခုဒီချေးငွေအစီအစဉ်က သူတို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို အထောက်အပံံ့ပေး နိုင်ရုံတင်မက ဘဲ တိုင်းပြည်ရဲ့ အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေနဲ့ အဲဒီကနေ တစ်ဆင့် ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကိုပါ အထောက်အပံ့ဖြစ်စေဖို့ ကျွန်တော်တို့ မျှော်လင့်ပါ တယ်” လို့ Wave Money ရဲ့အမှုဆောင်အရာရှိချုပ် Mr.Brad Jones ကပြောပါတယ်။

မြန်မာနိုင်ငံအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီရဲ့ အချက် အလက်များအရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မှတ်ပုံတင်ထားသော အငယ်စား၊ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းပေါင်း ရ၀,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Wave Money ကိုယ်စားလှယ်များသည် ရိုးမဘဏ်မှ ချေးငွေအား အွန်လိုင်းမှ တစ်ဆင့် လျှောက်ထား နိုင်ပြီး လျှောက်ထားသူရဲ့ ရိုးမဘဏ် အကောင့်ထဲသို့ ချေးငွေကို တစ်ရက်တာ အတွင်း ထည့်သွင်း ပေးသွားမှာဖြစ်ကြောင်း၊ ချေးငွေပမာဏကို ၎င်းတို့ရဲ့ Wave Money နဲ့ငွေလွှဲ၊ ငွေထုတ် ဝန် ဆောင်မှု ပေးတဲ့ ပမာဏအပေါ်မှာ အခြေခံထားတယ်လို့ သိရပါတယ်။ အများဆုံးခွင့်ပြုပေးမယ့် ချေးငွေပမာဏ ကို ကိုယ်စားလှယ်တွေရဲ့ လစဉ် Wave ငွေလွှဲအသုံးပြုမှုပမာဏနဲ့ ရိုးမဘဏ်ရဲ့ ချေးငွေကို အချိန်မှန် ပြန်လည်ပေးဆပ်ခြင်းတွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်မယ်လို့ သိရပါတယ်။