အာဆီယံ ICT Awards 2018 အတြက္ ၿပိဳင္ပြဲ၀င္ရန္ဖိတ္ေခၚ

[ Zawgyi ]

အာဆီယံ ICT Awards (AICTA) 2018 အတြက္ ၿပိဳင္ပြဲဝင္ဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

အာဆီယံေဒသရဲ႕ Technology Industry မွာ ထူးခြ်န္တဲ့စီးပြားေရးလုပ္ငန္းေတြကို ICT နည္းပညာဆိုင္ရာ တီထြင္ ဆန္းသစ္မႈေတြအတြက္ ASEAN ICT Awards (AICTA) ၿပိဳင္ပြဲ ကို ၂၀၁၂ ခုႏွစ္ကေနစၿပီး ႏွစ္စဥ္က်င္းပခဲ့တာ ျဖစ္ပါတယ္။ အခုႏွစ္အတြက္လည္း ဖိတ္ေခၚထားတာျဖစ္ၿပီး လာမယ့္ဒီဇင္ဘာလ အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပမယ့္ (၁၈) ႀကိမ္ေျမာက္ TELMIN (Telecommunication Minister Meeting) အစည္းအေ၀းမွာဆုရရွိသူေတြ ကို ဆုခ်ီးျမွင့္မွာျဖစ္ပါတယ္။ ၿပိဳင္ပြဲအမ်ိဳးအစား ေျခာက္မ်ိဳးရွိၿပီး မိမိႏွစ္သက္ရာ အမ်ိဳးအစားကို ယွဥ္ၿပိဳင္ႏိုင္မွာျဖစ္ပါတယ္။ The public sector, The private sector, Corporate social responsibility (CSR), Digital content category, Start up company, Research and development တို႔ျဖစ္ပါတယ္။

စိတ္ပါဝင္စားတဲ့ ကုမၸဏီအေနနဲ႔လည္းေကာင္း၊ တစ္ဦးခ်င္းအေနနဲ႔ ေသာ္လည္းေကာင္း ထုတ္ကုန္ေတြကို ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း၊ Category တစ္ခုခ်င္းစီအတြက္ ပထမ၊ ဒုတိယ၊ တတိယ ဆုရရွိသူအားလံုးဟာ အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပမယ့္ ဆုေပးပြဲကို တက္ေရာက္ဖို႔အတြက္ တစ္ဖြဲ႔ကိုခရီးစရိတ္ ေဒၚလာ ၁၀၀၀ အခ်ိဳးက်ရရွိမွာျဖစ္ၿပီး ဆုေတြအားလံုးအတြက္ Trophy နဲ႔ ဂုဏ္ျပဳလက္မွတ္ ရရွိမယ္လို႔သိရပါတယ္။ ၿပိဳင္ပြဲဝင္ေလွ်ာက္လႊာပံုစံေတြကို ျမန္မာႏိုင္ငံ ကြန္ပ်ဳတာအသင္းခ်ဳပ္ဝက္ဘ္ဆိုက္ (www.mcf.org.mm) , [email protected] မွာရယူၿပီး ေပးပို႔ေလွ်ာက္ထားႏိုင္တယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲဝင္မယ့္ ထုတ္ကုန္ေတြက တစ္စံုတစ္ေယာက္ထံမွ သို႔မဟုတ္ တစ္ေနရာမွကူးယူေဖာ္ ျပထားျခင္းမဟုတ္ေၾကာင္း၊ မိမိကိုယ္တိုင္ ထုတ္လုပ္တဲ့ ထုတ္ကုန္ျဖစ္ေၾကာင္း ဝန္ခံကတိ လက္မွတ္ေရးထိုးၿပီး ၾသဂုတ္လ ၂၂ ရက္ ေနာက္ဆံုးထားၿပီး ေလွ်ာက္ထားရမွာျဖစ္ပါ တယ္။ ထုတ္ကုန္နဲ႔ ပတ္သက္ၿပီးတင္ျပထားတဲ့ ႏွစ္မိနစ္ကေန ငါးမိနစ္အတြင္း ဗီဒီယိုဖိုင္ တစ္ခုကိုလည္း တင္ျပရမွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

အာဆီယံ ICT Awards (AICTA) 2018 အတွက် ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

အာဆီယံဒေသရဲ့ Technology Industry မှာ ထူးချွန်တဲ့စီးပွားရေးလုပ်ငန်းတွေကို ICT နည်းပညာဆိုင်ရာ တီထွင် ဆန်းသစ်မှုတွေအတွက် ASEAN ICT Awards (AICTA) ပြိုင်ပွဲ ကို ၂၀၁၂ ခုနှစ်ကနေစပြီး နှစ်စဉ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်အတွက်လည်း ဖိတ်ခေါ်ထားတာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် (၁၈) ကြိမ်မြောက် TELMIN (Telecommunication Minister Meeting) အစည်းအဝေးမှာဆုရရှိသူတွေ ကို ဆုချီးမြှင့်မှာဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးရှိပြီး မိမိနှစ်သက်ရာ အမျိုးအစားကို ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ The public sector, The private sector, Corporate social responsibility (CSR), Digital content category, Start up company, Research and development တို့ဖြစ်ပါတယ်။

စိတ်ပါဝင်စားတဲ့ ကုမ္ပဏီအနေနဲ့လည်းကောင်း၊ တစ်ဦးချင်းအနေနဲ့ သော်လည်းကောင်း ထုတ်ကုန်တွေကို ယှဉ်ပြိုင်နိုင်ကြောင်း၊ Category တစ်ခုချင်းစီအတွက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူအားလုံးဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ဆုပေးပွဲကို တက်ရောက်ဖို့အတွက် တစ်ဖွဲ့ကိုခရီးစရိတ် ဒေါ်လာ ၁၀၀၀ အချိုးကျရရှိမှာဖြစ်ပြီး ဆုတွေအားလုံးအတွက် Trophy နဲ့ ဂုဏ်ပြုလက်မှတ် ရရှိမယ်လို့သိရပါတယ်။ ပြိုင်ပွဲဝင်လျှောက်လွှာပုံစံတွေကို မြန်မာနိုင်ငံ ကွန်ပျုတာအသင်းချုပ်ဝက်ဘ်ဆိုက် (www.mcf.org.mm) , [email protected] မှာရယူပြီး ပေးပို့လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်မယ့် ထုတ်ကုန်တွေက တစ်စုံတစ်ယောက်ထံမှ သို့မဟုတ် တစ်နေရာမှကူးယူဖော် ပြထားခြင်းမဟုတ်ကြောင်း၊ မိမိကိုယ်တိုင် ထုတ်လုပ်တဲ့ ထုတ်ကုန်ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၂ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမှာဖြစ်ပါ တယ်။ ထုတ်ကုန်နဲ့ ပတ်သက်ပြီးတင်ပြထားတဲ့ နှစ်မိနစ်ကနေ ငါးမိနစ်အတွင်း ဗီဒီယိုဖိုင် တစ်ခုကိုလည်း တင်ပြရမှာဖြစ်ကြောင်း သိရပါတယ်။

-ထွန်းထွန်း