အာကာသစစ်ပွဲအတွက် လက်နက်သစ်တွေ ပင်တဂွန်တည်ဆောက်

အမေရိကန်ကာကွယ်ရေးဌာနချုပ် ပင်တဂွန်က အာကာသအတွင်း ဒုံးပျံအသစ်တွေ လွှင့်တင်ပြီး ကမ္ဘာမြေလေထုကျော်လွန်ကာ ကမ္ဘာပတ်လမ်းကြောင်း ဂြိုဟ်တုရာပေါင်းများစွာကို ပစ်လွှတ်ကာ အချိန်အတိုင်း hypersonic လက်နက်တွေ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ပင်တဂွန်က ဒီဂျစ်တယ်အင်ဂျင်နီယာ နည်းလမ်းကို အသုံးပြုပြီး အာကာသစစ်ပွဲ အသင့်ဆင်နွှဲနိုင်ဖို့ စနစ်သစ်တွေကို အသုံးပြုနေပါတယ်။

တရုတ်နဲ့ ရုရှားကလည်း quantum ကွန်ပျူတာနဲ့ ထိန်းချုပ်နိုင်တဲ့ တန်ပြန်ဂြိုဟ်တု ဒုံးကျည်နဲ့ AI စနစ်တွေနဲ့ ပစ်ခတ်နိုင်တဲ့ hypersonic လက်နက်တွေ ရှိတယ်လို့ ပြောကြားထားပါတယ်။

ပင်တဂွန်နဲ့ စစ်ဘက်ဆိုင်ရာအားလုံးကတော့ Raytheon လိုမျိုး ကုမ္ပဏီနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ သိပ္ပံနည်းကျနဲ့ နည်းပညာအခြေပြု လက်နက်ပရိုဂရမ်တွေအတွက် ဒီဂျစ်တယ်အင်ဂျင်နီယာ နည်းလမ်းကို ပြန်လည်သန့်စင် ဖော်ဆောင်သွားပါမယ်။

-စိုးထက်
Ref: FoxNews

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««