
မီဒီယာတွေ ဖန်တီးလေ့ရှိသူအနေနဲ့ ဈေးနှုန်းမြင့်မားတဲ့ Software အစား အခမဲ့တွေ ရှာဖွေအသုံးပြုနိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ ဓာတ်ပုံဟောင်းတွေ ပြင်ပေးမယ့် software အပြင် podcast ဖန်တီးမယ့်သူနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးမယ့်သူ အတွက် အခမဲ့ software ကိုလည်း ဖော်ပြပေးပါမယ်။
ဓာတ်ပုံ
Windows, Mac နဲ့ Linux အတွက် ထွက်ရှိထားပြီး အခမဲ့ သုံးနိုင်တဲ့ open-source app ဖြစ်ပါတယ်။ Gimp မှာ Photoshop လို feature တွေပါဝင်ပြီး ဈေးလည်း မကြီးပါဘူး။ Gimp ကိုတော့ graphic ဒီဇိုင်နာ၊ ဓာတ်ပုံဆရာနဲ့ ပုံရေးသူတွေလည်း အသုံးပြုကြပါတယ်။
Pixlr ကတော့ web browser ထဲမှာ ရိုးရှင်းစွာ တည်းဖြတ်နိုင်မယ့် ဝန်ဆောင်မှု ဖြစ်ပါတယ်။ သုံးစွဲသူက စက်ထဲကပုံတွေကို drag နဲ့ drop လုပ်တာ ဒါမှမဟုတ် URL ထည့်သွင်းပြီး load လုပ်နိုင်ပါတယ်။ Pixlr မှာတော့ အလွယ်တကူ crop လုပ်တာ အပြင် basic effect ထည့်သွင်းတာကို အလျင်အမြန်လုပ်နိုင်ပါတယ်။
သုံးစွဲသူတွေက web browser ထဲမှာ screenshot ကို အလွယ်တကူ ဖမ်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ Chrome နဲ့ Firefox အတွက် Nimbus Capture extension ရှိပါတယ်။ အခမဲ့အသုံးပြုနိုင်ပါတယ်။
ဗီဒီယို
Windows, Mac, Linux နဲ့ Chromebook တွေမှာ အသုံးပြုနိုင်ပါတယ်။ အခပေး ဗီဒီယိုတည်းဖြတ်တဲ့ software တွေမှာ အသုံးပြုနိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း OpenShot Video Editor မှာပါဝင်လာပါတယ်။
Online Video Cutter ကတော့ မြန်ဆန်တဲ့ ဗီဒီယိုတည်းဖြတ်မှုကိုတော့ အခမဲ့ ပြုလုပ်နိုင်ပါတယ်။ ဝက်ဘ်ဆိုက်အခြေခံ software ဖြစ်ပြီး ဖိုင်ဆိုဒ် 500 megabytes အရွယ်ရှိတဲ့ ဗီဒီယိုတွေကို upload လုပ်ပြီး တည်းဖြတ်နိုင်ပါတယ်။ ဖိုင်တွေကိုတော့ format ၅ မျိုးနဲ့ ထုတ်ပေးနိုင်ပါတယ်။
ဗီဒီယိုတွေကို အခြား format တစ်ခုကနေ တစ်ခု ပြောင်းမယ်ဆိုရင်တော့ HandBrake ကိုအသုံးပြုသင့်ပါတယ်။ Windows, Mac နဲ့ Linux မှာအသုံးပြုနိုင်ပါတယ်။
အခု software ကတော့ Windows, Mac နဲ့ Linux မှာ screen recording နဲ့ live streaming အတွက် အသုံးပြုနိုင်ပါတယ်။ OBS Studio ကိုတော့ YouTube, Twitch, Facebook နဲ့အခြားစပွန်ဆာတွေက ငွေကြေးထောက်ပံ့ပေးထားပါတယ်။
အသံပိုင်းဆိုင်ရာ
Audacity ကတော့ စွမ်းဆောင်ရည်အလွန်မြင့်မားတဲ့ open source အသံ software ဖြစ်ပါတယ်။ Windows, Mac နဲ့ Linux မှာထွက်ရှိထားပြီး တိုက်ရိုက်ထုတ်လွှင့်တဲ့ အသံဖမ်းတာ အပြင် အသံပိုင်းဆိုင်ရာကို တည်းဖြတ်တာနဲ့ ညံ့ဖျင်းတဲ့အသံဖိုင်ကို တည်းဖြတ်တာလည်း လုပ်နိုင်ပါတယ်။
အခု AudioTrimmer ကတော့ ဝက်ဘ်ဆိုက်အခြေခံ အသံ software ဖြစ်ပါတယ်။ ဖိုင်အရွယ်အစား 100 megabytes အထိ upload လုပ်ပြီး တည်းဖြတ်နိုင်ပါတယ်။ ပြီးတော့ MP3 ဖိုင်အဖြစ်လည်း ထုတ်ပေးပါတယ်။
AI အခြေခံ Auphonic ကတော့ အသံဖိုင်ထဲက မလိုလားအပ်တဲ့ အသံတွေကို အလိုအလျောက် ရှင်းပေးနိုင်ပါတယ်။ Auphonic မှာ အခမဲ့ account လုပ်ထားရင်တော့ တစ်လမှာ ၂ နာရီကြာတဲ့ လုပ်ငန်းစဉ်ကို အသုံးပြုနိုင်ပါတယ်။
-စိုးထက်
Ref: FastCompany
»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««