အသုံးမပြုလိုသည့် SMS များကို ပယ်ဖျက်နိုင်ပြီ

[ Zawgyi ]



အောင်သက်ကို

[ Unicode ]

မိမိအသုံးမပြုတဲ့ SMS အဝင်များကို ပယ်ဖျက်နိုင်ပြီဖြစ်တယ်လို့ CICC – Nay Pyi Taw စာသုံးသူကာကွယ်ရေး Facebook စာမျက်နှာကနေတစ်ဆင့် ကြေငြာထားကြောင်း သိရပါတယ်။

MPT ဖုန်းအတွက် *2007# နှိပ်ကာ OPTION ကိုရွေးချယ်ကာ ပယ်ဖျက်နိုင်ပေမယ့် ရက် ၃၀ သာရပ်ဆိုင်းမှု ပြုလုပ်မှာဖြစ်ပါတယ်။ Telenor ဖုန်းအတွက် 500 ကို DNDON ရေးပြီး SMS ပေးပို့ ပယ်ဖျက်နိုင်သလို၊ Ooredoo ဖုန်းကိုင်ဆောင်သူတွေအတွက် 5059 ကို DNDON ဟုရေးပြီး SMS ပို ကာပယ်ဖျက်နိုင်မှာဖြစ်ပါတယ်။ SMS ပေးပို့မှုအတွက် ဖုန်းဘေလ်ကောက်ခံမှု မရှိကြောင်းသိရပါတယ်။
သုံးစွဲသူ(သုံးစွဲသူ) ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် မဖြစ်စေဖို့ ညှိနှိုင်းချက်အရ အသုံးမပြုလိုတဲ့ SMS တွေကို ပယ်ဖျက်နိုင်တော့မှာ ဖြစ်ပါတယ်။

အောင်သက်ကို