အသံဖိုင်နဲ့ tweet လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို Twitter ဖြန့်ချိ

Twitter က အသံဖိုင်တွေကို attachment တွဲပြီး tweet လုပ်နိုင်မယ့် လုပ်ဆောင်ချက်ကို ဖြန့်ချိလိုက်ပါတယ်။ အခု feature အသစ်က iOS မှာစတင်ပါဝင်လာပြီး သုံးစွဲသူ အနည်းငယ်ဆီ ဖြန့်ချိထားတယ်လို့ ကုမ္ပဏီက ပြောခဲ့တယ်။

“တစ်ခါတလေမှာ ကန့်သတ်ထားတဲ့ စာလုံး ၂၈၀က မလုံလောက်ပါဘူး။ စကားအပြန်အလှန်ပြောဆိုမှုက ဘာသာပြန်ဆိုမှုထဲ ပျောက်ဆုံးခဲ့တယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကျွန်တော်တို့က Twitter အသုံးပြုမှုထဲ လူသားဆိုင်ရာ ထိတွေ့မှုရဖို့ အသံနဲ့ tweet လုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်တယ်” လို့ Twitter ရဲ့ မာယာပတ်တာဆန်နဲ့ ရီမီဘော်ဂူတို့က blog post မှာရေးသားခဲ့တယ်။

Twitter မှာ tweet တစ်ခုကို ရေးသားတဲ့အခါ ကင်မရာ icon ဘေးနားက ရေလှိုင်းပုံစံ icon ကိုတွေ့ရမယ်။ အဲဒီ icon ကိုနှိပ်ပြီး အောက်ခြေမှာ ပေါ်လာတဲ့ record အနီရောင်ခလုတ်နဲ့ အသံသွင်းနိုင်ပါတယ်။

“အသံ tweet တစ်ခုစီတိုင်းက အသံကို ၁၄၀စက္ကန့်အထိဖမ်းယူပေးနိုင်ပါတယ်။ ပြောစရာများတယ်ဆိုရင် စကားဆက်ပြောသွားရုံပါပဲ။ အကန့်အသတ်ကို ကျော်သွားတာနဲ့ အသံ tweet တစ်ခုက thread ပုံစံ အလိုအလျောက်ဖန်တီးပေးတယ်” လို့ Twitter ကပြောခဲ့တယ်။

-စိုးထက်
Ref: TheVerge၃