
Google ဟာ Launch Night In ပွဲအတွင်း Recorder app ကို မိတ်ဆက်လိုက်ပါတယ်။ Google Recorder app ကတော့ အဆင့်မြှင့်တင်ထားပြီး အသံဖိုင်တွေ အလွယ်တကူ ရှာဖွေနိုင်သလို အသံသွင်းထားတဲ့ဖိုင် တည်းဖြတ်နိုင်သလို ဝေမျှတာ ဒါမှမဟုတ် ဖယ်ရှားတာ လုပ်လို့ရပါတယ်။
အသံဖိုင်အတွက် မှတ်တမ်းတင်ထားတဲ့ စာကနေ စကားလုံးတစ်ခုချင်းစီ ရှာပြီး ဖျက်နိုင်ပါတယ်။ အခု feature ကို offline အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် အသံဖိုင်ကို စာနဲ့မှတ်တမ်းတင်တဲ့ လုပ်ဆောင်ချက်ကိုလည်း အွန်လိုင်းမလိုဘဲ အသုံးပြုနိုင်ပါတယ်။
အခုလုပ်ဆောင်ချက်ကို Pixel 5 မှာ ထည့်သွင်းထားသလို မကြာခင်မှာ အခြား Pixel ဖုန်းတွေအတွက် ဖြန့်ချိမှာ ဖြစ်ပါတယ်။
စိုးထက်
Ref: TheVerge
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««