အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင် ၁၀၀၀ အတွက် ပညာသင်ဆုများပေးအပ်မည်

တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် Global Entrepreneurship Week ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သေး/ငယ်/လတ် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ကာ ကျပ်သိန်းပေါင်း ၈၈၅ သိန်းတန်ဖိုးရှိ Certificate in Entrepreneurship and New Venture Creation Course တွေကို လုပ်ငန်းရှင် (၁၀၀၀) အတွက် ပညာသင်ဆုများ ပေးအပ်ချီးမြှင့်သွားမယ်လို့ Strategy First University Extension – SFUx မှ သိရပါတယ်။

နိုင်ငံတစ်ဝှမ်းရှိ သေး/ငယ်/လတ်စီးပွားရေးလုပ်ငန်းရှင်များ အနေနဲ့ MSME Member Card နှင့်တကွ လိုအပ်တဲ့အချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပြီး ပညာသင်ဆုလျှောက်ထားနိုင်မှာဖြစ်ကာ ဦးရာလူစနစ်နဲ့ ရွေးချယ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပညာသင်ဆုလျှောက်ထားလိုတဲ့ SME လုပ်ငန်းရှင်တွေအနေနဲ့ https://bit.ly/SFUx_MSME_Scholarship_Registration မှာ Scholarship Registration Form ကိုဖြည့်စွက်ပြီး SFUx Viber ဖုန်းနံပါတ် – ၀၉ ၄၄၄ ၅၅၅ ၆၁၄ သို့ MSME Member Card ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုရရှိသူများကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှာ အီးမေးလ်နဲ့ အကြောင်းကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ် အချက်အလက်တွေကို SFUx Facebook Page Chat Box သို့ဖြစ်စေ၊ ဖုန်း – ၀၉ ၄၀၀ ၀၈၈၀၅၃ နဲ့ ၀၉ ၄၄၄ ၅၅၅ ၆၁၄ တို့ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««