အသေးစားချေးငွေလုပ်ငန်း CARD Myanmar ကုမ္ပဏီလီမိတက်နှင့် ThitsaWorks တို့ပူးပေါင်း

အသေးစားချေးငွေလုပ်ငန်း တစ်ခုဖြစ်တဲ့ CARD Myanmar ကုမ္ပဏီ လီမိတက်အနေနဲ့ Thits-aWorks နဲ့ ပူးပေါင်းပြီး Musoni cloud banking system ကို စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေ မှုတိုက်ဖျက်ရန်ဟူသော ရည်မှန်း ချက်ဖြင့် CARD Myanmar ကုမ္ပဏီလီမိတက်အနေနဲ့ ကမ္ဘာ့ အသိအမှတ်ပြုဆုတွေ ဆွတ်ခူးရ ရှိထားတဲ့ Musoni စနစ်ကို ရင်း နှီးမြှုပ်နှံမှုများ တိုးတက်ဖို့နဲ့ချေးငွေ ယူသူတွေကို ဝန်ဆောင်မှုအမျိုး မျိုးပေးနိုင်ဖို့ စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ လများအတွင်း CARD Myanmar ရဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး ခရီးစတင်မှာဖြစ်ပြီး ချေးငွေ အရာရှိများ အတွက် Musoni ဒီဂျစ် တယ်နည်းပညာ application နဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီအောင် ဖန်တီးထားတဲ့ Musoni Client app တို့ကဲ့သို့သောနောက်ထပ် digital channel တွေကို ထိထိရောက်ရောက် အသုံးချသွားမှာ ဖြစ်ကြောင်း Musoni စနစ်အားလုံးကို အသုံးပြုရလွယ်ကူစေဖို့ ရည်ရွယ်ပြီး အားလုံးကို မြန်မာဘာသာသို့ ပြန်ဆိုထားကာ ဝန်ကြီးဌာနသို့ တင်သွင်းရန်လိုအပ်တဲ့ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (FRD) အစီရင်ခံစာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
“Musoni နဲ့ ThitsaWorks တို့ နဲ့အတူ လက်တွဲ လုပ်ဆောင်ရခြင်း အတွက် ဝမ်းမြောက်ပါကြောင်း၊ Musoni စနစ်မှာ ကျွန်တော်တို့ကုမ္ပဏီရဲ့ ဒီဂျယ်တယ်အသွင်ကူးပြောင်းရေး လမ်းကြောင်းအတွက် အလွန် အသုံးဝင်ပါကြောင်း၊ ဒီစနစ်ကနေ တစ်ဆင့် ကျွန်တော်တို့ ရေရှည်တည်တံ့ပြီး ဝင်ငွေနည်း မိသားစုတွေအတွက် ချေးငွေဆိုင် ရာ ဝန်ဆောင်မှုတွေပေးနိုင်တဲ့ အသေးစား ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာ တစ်ထောင့် တစ်နေရာမှ ကူညီဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါကြောင်း” CARD Myanmar ကုမ္ပဏီလီမိတက်မှ အသေးစား ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ Mr.Bengie L.BuenViaje က ပြောပါတယ်။

“CARD Myanmar ရဲ့ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကို ကူညီလုပ်ဆောင်ခွင့် ရခြင်းအတွက် အလွန်ဂုဏ်ယူမိပါကြောင်း၊ မြန် ဆန်ပြီးစိတ်ချယုံကြည်ရတဲ့ Musoni စနစ်မှ ဘဏ္ဏရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းစဉ် တွေအတွင်း ပိုမိုထိရောက် ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေ ယူဆောင်ပေးနိုင်ပြီးပြည်သူအားလုံး ပါဝင်တဲ့ ငွေကြေးဝန်ဆောင်မှုစနစ် ဖန်တီးပေးနိုင်မယ်လို့ ယုံကြည် ပါကြောင်း၊ ဒီအစီအစဉ်မှ တစ်ဆင့် ကျွန်တော်တို့ ပန်ဝန်းကျင် အတွင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး ကျွန်တော်တို့ ThitsaWorks အနေနဲ့လည်း MFI တွေကို ကူညီဖို့ အမြဲကြိုဆိုနေပါကြောင်း ” ThitsaWorks အမှုဆောင်အရာရှိချုပ် ဦးညီငြိမ်းအေးက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ အနေနဲ့မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတွေ အတွက် အမြဲအလုပ်လုပ်နေပေးတဲ့ CARD Myanmar ရဲ့ core banking ပါတနာအဖြစ် ရွေးချယ်ခံရခြင်း အတွက် အလွန် ဂုဏ်ယူပါကြောင်း၊ ကျွန်တော်တို့ အတူတကွ ပူပေါင်းပြီး မြန်မာနိုင်ငံရှိ စီးပွားရေးအရ ခက်ခဲနေတဲ့ ပြည်သူလူထုကြားသို့ နည်းပညာ များချိတ်ဆက်ပြီး ပိုမိုကောင်း မွန်တဲ့ ဝန်ဆောင်မှုတွေပေးကာ လူမှုလိုအပ်ချက်တွေကိုဖြည့်ဆည်း ပေးနိုင်မယ်လို့ မျှော်လင့်ပါကြောင်း ၊ ယခုပူးပေါင်းဆောင်ရွက်မှုမှာ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်သော လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေဖို့ အခွင့်အလမ်းကောင်း တစ်ခုဖြစ်ပါ ကြောင်း ” Musoni အမှုဆောင် အရာရှိချုပ် Cameron Goldie-Scot က ပြောကြားခဲ့ပါတယ်။

-အောင်သူ