အသေးငယ်ဆုံး OLED တီဗီကို LG Display ပြသ

LG Display ဟာ ဒီနှစ်မှာ တင်ပို့ရောင်းချမယ့် OLED panel တချို့ကို ပြသခဲ့ပါတယ်။ LG ကပြသခဲ့တဲ့ တီဗီထဲမှာ ၄၂ လက်မ တီဗီကတော့ LG Display ကထုတ်လုပ်ထားတဲ့ အသေးဆုံး OLED တီဗီဖြစ်လာပါတယ်။

ဒီနှစ်မှာ ထွက်ရှိမယ့် OLED တီဗီမျက်နှာပြင် အရွယ်အစားတွေက ၄၂ ၊ ၄၈၊ ၅၅၊ ၆၅၊ ၇၇၊ ၈၃ နဲ့ ၈၈ လက်မတို့ပဲ ဖြစ်ပါတယ်။ LG Display ကတော့ မျိုးဆက်သစ် ၇၇ လက်မအရွယ် တီဗီဟာ အရင်မျိုးဆက်ထက် အရောင်အသွေး ပိုတောက်ပပြီး စွမ်းအင်ချွေတာမှု ၂၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ပြောထားပါတယ်။

LG Display ဟာ ကုန်ပစ္စည်းအစိတ်အပိုင်း ထုတ်ပေးတဲ့ဌာန ဖြစ်ပြီး ကိုယ်ပိုင်အမှတ်တံဆိပ် သုံးကာ တီဗီမရောင်းချပါဘူး။ ဒါကြောင့် ၄၂ လက်မ OLED တီဗီကိုတော့ ဘယ်ကုမ္ပဏီကရောင်းချမလဲ ဆိုတာ မထုတ်ပြခဲ့ပါဘူး။ LG

Electronic ကတော့ ၂၀၂၁ ခုနှစ် OLED တီဗီမော်ဒယ်တွေကိုတော့ အပြည့်အဝ မမိတ်ဆက်ရသေးပါဘူး။ LG ဟာ G1 တီဗီစီးရီးတွေအတွက် OLED evo အမှတ်တံဆိပ်ကို အသုံးပြုလာနိုင်ပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««