အသုံးဝင်စေမယ့် iPhone လှည့်ကွက်များ

iPhone မှာ သုံးစွဲသူ လမ်းညွှန်ချက် ပါဝင်ပါတယ်။ Apple ဝက်ဘ်ဆိုက်နဲ့ YouTube ပေါ်မှာ ဘယ်လိုသုံးစွဲရမလဲ ဆိုတဲ့ ဗီဒီယိုတွေကိုလည်း ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ iPhone သုံးစွဲသူတွေအတွက် အမြဲတမ်း အသုံးဝင်စေမယ့် လှည့်ကွက်ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) iPhone ကို low light mode နဲ့အသုံးပြုခြင်း

အမှောင်ခန်းထဲမှာ ဖုန်းသုံးတဲ့အခါ ဒါမှမဟုတ် မျက်နှာပြင် အလင်းများနေရရင် low light mode ကို ဖွင့်သုံးနိုင်ပါတယ်။ အဲဒီ modeကတော့ standard settiings ထက် မျက်နှာပြင်တောက်ပမှုကို ပိုမိုလင်းစေပါတယ်။
အဲဒီ settings ကိုအသုံးပြုမယ်ဆိုရင် Settings > Accessibility> Zoom> Zoom Regiion> Full Screen Zoom ကို tap လုပ်နိုင်ပါတယ်။ အဓိက Zoom menu ကိုသွားတဲ့အခါ Zoom Filter> Low Light ကို tap လုပ်ရပါမယ်။ Zoom menu ထဲက Zoom on ကိုဖွင့်လိုက်ရုံပါပဲ။

လက်ချောင်း ၃ ချောင်းနဲ့ tap နှစ်ခါလုပ်ရင် zoom out လုပ်ပြီး full screen အဖြစ် ပြောင်းလဲနိုင်ပါတယ်။ Low light mode ကိုမြန်ဆန်စွာ အသုံးပြုမယ်ဆိုရင် လက်ချောင်း ၃ ချောင်းနဲ့ home ခလုတ်ပေါ်မှာ မျက်နှာပြင်ကို ၃ ကြိမ် tap လုပ်ပေးပါ။ အလင်း filter ကို ချိန်ညှိဖို့ Choose Filter ကိုရွေးချယ်ပေးရပါမယ်။

(၂) Apple Wallet ထဲကတ်တွေကို စီပါ

COVID-19 ဗိုင်းရပ်စ်ကြောင့် ဈေးဝယ်စင်တာက touchpad တွေကို မထိတာ အကောင်းဆုံးပါပဲ။ Apple Wallet ကိုအသုံးပြုပြီး အကြွေးဝယ်ကတ်၊ debit ကတ်၊ ငွေကြိုသွင်းကတ်နဲ့ စတိုးဆိုင်ကတ်တွေကို သိမ်းဆည်းနိုင်ထားပါတယ်။

Apple Wallet app ကိုဖွင့်လိုက်ရင် သိမ်းထားတဲ့ ကတ်တွေကို မြင်ရပါမယ်။ Default ငွေပေးချေတဲ့ နည်းလမ်းကတော့ Apple Pay ဖြစ်ပါတယ်။ သုံးစွဲသူက tap လုပ်ပြီး အပြောင်းအလဲလုပ်နိုင်ပါတယ်။

(၃) Message ပေးပို့ခြင်း

သုံးစွဲသူက Messages app ထဲက message တစ်ခုကို tap နှစ်ချက်နှိပ်တာ ဒါမှမဟုတ် ဖိနှိပ်ထားတာနဲ့ emoji သုံးပြီး react လုပ်နိုင်ပါတယ်။

(၄) Calculator ထဲက စာရင်းကို ဖျက်ခြင်း

Calculator app ထဲက စာရင်းတွက်ချက်မှုတွေက ရှုပ်ထွေးနေပြီး အလွယ်တကူ ပြန်လည်စတင်ချင်ရင်တော့ ဘယ်ဘက်ကို swipe လုပ်လိုက်ရုံပါပဲ။

(၅) Calendar ကိုချိန်ညှိခြင်း

Calendar အတွင်း ပွဲကို ထည့်သွင်းတာ ဒါမှမဟုတ် တည်းဖြတ်ဖို့အတွက် အချိန်တိုးမြှင့်မှုကို ၅ မိနစ် သတ်မှတ်ထားပါတယ်။ အဲဒီ အချိန်ကို ချိန်ညှိဖို့ “Start” နဲ့ “End” တို့မှာ ပြောင်းလဲနိုင်ပါတယ်။

(၆) App အားလုံးကို ဖယ်ခြင်း

အသုံးပြုထားတဲ့ iPhone app တွေအားလုံးကို ဖယ်ရှားမယ်ဆိုရင် လက်နဲ့ app တစ်ခုကို ဖိနှိပ်ပါ။ ပြီးရင်တော့ အခြားလက်တစ်ချောင်းနဲ့ tap လုပ်ပြီး icon ကို drag လုပ်ရပါမယ်။ ပထမရွေးချယ်ထားတဲ့ app အပေါ် ထပ်ရပါမယ်။ App တွေကို ထပ်ပြီးရင်တော့ drag and drop လုပ်လိုက်ပါ။

(၇) Notes မှာစာရင်းမှတ်ခြင်း

Notes မှာစာရင်းမှတ်တဲ့အခါမှာ ရှုပ်ထွေးနေတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်တိုင် လုပ်ရမယ့်အရာတွေကို bullet ပုံစံမျိုးနဲ့ မှတ်ဖို့ app မှာ ညာဘက်ကို swipe လုပ်လိုက်ရုံပါပဲ။

(၈) Contact သတိပေးချက်

သုံးစွဲသူက သီးခြား contact အတွက် အသံနဲ့ တုန်ခါမှုတွေကို ပြောင်းလဲထားနိုင်ပါတယ်။ Settings> Sounds & Haptics ဒါမှမဟုတ် Sounds (အခြား iPhone မော်ဒယ်တွေအတွက်) မှာပြောင်းလဲနိုင်ပါတယ်။ အဲဒီ menu ထဲက Ringers and Alerts အောက်မှာ အသံတွေကို ချိန်ညှိနိုင်ပါတယ်။

(၉) သီချင်းဖွင့်တာကို ရပ်ခြင်း

သုံးစွဲသူက iPhone မှာသီချင်းနားထောင်တဲ့အခါ သီချင်းရပ်မယ့်အချိန်ကို သတ်မှတ်ပေးနိုင်ပါတယ်။ Music app ကိုဖွင့်ပြီး playlist ကိုရွေးချယ်ပြီး timer ကိုစတင်လို့ရပါတယ်။ When Timer Ends ကို tap လုပ်ပြီး alarm ဒါမှမဟုတ် alert လုပ်တာ၊ Stop Playing မှာ သီချင်းရပ်တန့်မယ့်အချိန်ကို သတ်မှတ်ပေးနိုင်ပါတယ်။

(၁၀) Message တွေကို forward ဒါမှမဟုတ် delete ပြုလုပ်ခြင်း

Message တွေကို forward ဒါမှမဟုတ် delete လျင်မြန်စွာ လုပ်နိုင်ပါတယ်။ သုံးစွဲသူက message ဖွင့်ပြီး Delete All ဒါမှမဟုတ် သီးခြား message တွေကို ရွေးချယ်ပြီး ဖျက်တာ ဒါမှမဟုတ် forward လုပ်နိုင်ပါတယ်။

-စိုးထက်
Ref: USAToday