အသုံးများတဲ့ App တွေကို Start Menu မှာ မပြအောင်ဘယ် လိုလုပ်မလဲ

Windows 10 မှာ အသုံးပြုတာများတဲ့ app တွေကို Start Menu မှာဖော်ပြပေးပါတယ်။ တကယ်လို့ အဲဒီလို Start menu မှာ ကိုယ်အသုံးပြုတာတွေကို မဖော်ပြစေချင်ဘူးဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

ပထမဆုံး Settings ကိုဖွင့်ရပါမယ်။ Settings ဖွင့်ဖို့အတွက် Start menu button ကိုနှိပ်ပြီး Settings ကိုရွေးချယ်နိုင်သလို Win + I key နဲ့လည်း Settings ကိုဖွင့်နိုင်ပါတယ်။ Settings ထဲကို ရောက်သွားပြီဆိုရင် Personalization ဆိုတာကိုရွေးရပါမယ်။

ပြီးရင် ဘယ်ဘက်အခြမ်းမှာ Start ဆိုတာကို ရွေးချယ်ပြီး Show most used apps ဆိုတဲ့ toggle ကို disable လုပ်ပေးထားရပါမယ်။ ဒါဆိုရင် Start Menu မှာ မကြာခဏ အသုံးပြုတဲ့ app တွေကို recent အနေနဲ့ ပြ ပေးတာ ကိုတွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««