အသစ်မိတ်ဆက်လိုက်တဲ့ Realme 6i မှာ ဘယ်လို feature တွေပါဝင်မလဲ

Realme ဟာ ဇန်နဝါရီလမှာ Realme 5i ကိုမိတ်ဆက်ပြီး ၂ လအကြာ Realme 6i ကိုမိတ်ဆက်လိုက်ပါတယ်။

Realme 6i ဟာ MediaTek Helip G80 SoC ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ Android 10 အခြေခံ Realme UI ကိုအသုံးပြုထားကာ 3GB/64GB နဲ့ 4GB/128GB ဗားရှင်း ၂ မျိုးကို ထုတ်လုပ်ထားပါတယ်။ Realme 6i မှာ မျက်နှာပြင် ၆.၅ လက်မ HD+ display ပါဝင်ပြီး 16MP selfie ကင်မရာကို notch ထဲမှာ ထည့်သွင်းထားပါတယ်။

Realme 6i ကျောဘက်ဒီဇိုင်းကို Naoto Fukasawa ကပြုလုပ်ပေးထားပါတယ်။ ကျောဘက်မှာ ကင်မရာ ၄ လုံး ပါဝင်လာပြီး 48MP အဓိက ကင်မရာ၊ 8MP ultrawide, 2MP portrait နဲ့ 2MP macro ကင်မရာတွေ ပါဝင်လာပါတယ်။ ဖုန်းမှာ fingerprint reader လည်းပါဝင်လာပါတယ်။

Realme 6i မှာ ဘက်ထရီ 5,000 mAh နဲ့အတူ အခြားထုတ်ကုန်ကို အားပြန်သွင်းပေးနိုင်တဲ့ reverse နည်းပညာလည်း ပါဝင်လာပါတယ်။ ဒါ့အပြင် USB-C port ကတစ်ဆင့် 18W နဲ့အားသွင်းပေးနိုင်တယ်။ Realme 6i ကို ထူးခြားတဲ့ ဂရင်းတီးနဲ့ White Milk အရောင်နဲ့ထုတ်လုပ်မှာ ဖြစ်ပါတယ်။ Realme 6i ရဲ့ RAM 3GB နဲ့ storage 64GB ဈေးနှုန်းက ဒေါ်လာ ၁၈၀ ကျသင့်ကာ RAM 4GB နဲ့ storage 128GB ကတော့ ၂၁၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၄၉,၀၀၀ ကျပ်နဲ့ ၂၉၉,၉၀၀ကျပ် အသီးသီးရောင်းချမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းက သုံးစွဲသူက မတ်လ ၁၈ ရက်ကနေ မတ်လ ၂၆ ရက်အတွင်း Realmie 6i ကို ကြိုတင်မှာယူနိုင်ပါတယ်။ မတ်လ ၂၉ ရက်မှာ စတင်ဖြန့်ချိရောင်းချမယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena