အသစ်ထွက်ရှိမယ့် Sega Game Gear Micro

Sega ရဲ့ Game Gear Micro ဂိမ်းစက် ဓာတ်ပုံ ထွက်ရှိလာပါတယ်။ အသစ်ထွက်ရှိမယ့် Sega Game Gear Micro ဂိမ်းစက်ပုံကို SEGAbits က twitter မှာတင်ခဲ့ပါတယ်။

 

Sega Game Gear Micro ဓာတ်ပုံကို Famitsu မဂ္ဂဇင်းက ရိုက်ကူးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Game Gear Micro ဂိမ်းစက်က ငယ်ဘဝကို ပြန်လည် အမှတ်ရစေမယ့် ထုတ်ကုန်ဖြစ်ပါတယ်။ တစ်ကြိမ်မှာ ဂိမ်း ၄ မျိုးအထိ ကစားနိုင်မယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀ ကျသင့်ပါမယ်။

Game Gear Micro ကိုတော့ ထုတ်ကုန် ၄ မျိုး ထုတ်လုပ်ထားပါတယ်။ ဂိမ်းစက်တစ်ခုမှာတော့ မတူညီတဲ့ ဂိမ်း ၄ မျိုး ပါဝင်လာပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««