အသစ်ထွက်ရှိမယ့် PS5 ဂိမ်းများ

Sony ရဲ့ PlayStation 5 ကိုတော့ နိုဝင်ဘာ ၁၂ ရက်မှာ မိတ်ဆက်ပါမယ်။ PS5 ဂိမ်းစက် ထွက်လာတဲ့အခါ ပရိသတ်တွေ မျှော်လင့်နေတဲ့ Ratchet and Clank: Rift Apart နဲ့ Demon’s Souls လိုဂိမ်းတွေ ရှိပါတယ်။၂၀၂၁ ခုနှစ်မှာလည်း စိတ်ဝင်စားစရာ PS5 ဂိမ်းတွေ ဆက်လက်ထွက်လာဦးမှာပါ။

God of War: Ragnarok

God of War: Ragnarok ကတော့ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ God of War ဂိမ်းအဆက် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ God of War ဂိမ်းကတော့ PS4 က အကောင်းဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိအောင် ဖန်တီးခဲ့ပါတယ်။ အခု ဂိမ်းသစ်ကိုလည်း PS4 God of War ဖန်တီးတဲ့အဖွဲ့ကပဲ ဖန်တီးထားပါတယ်။ လာမယ့်နှစ်မှာ ထွက်ရှိလာပါမယ်။

Horizon Forbidden West

God of War: Ragnarok လိုပဲ Horizon Forbidden West ကလည်း PS4 ရဲ့အကောင်းဆုံးဂိမ်းတွေထဲက တစ်ခုဖြစ်ပြီး အဆက်ထွက်ရှိလာမှာပါ။ God of War: Ragnarok လို မဟုတ်ဘဲ Horizon Forbidden West ကတော့ ထွေလာအပြည့်အစုံ ထွက်ရှိထားပါတယ်။

Final Fantasy 16

Final Fantasy 16 ဂိမ်းကတော့ ပင်မ Final Fantasy ဂိမ်းဖြစ်ပါတယ်။ Final Fantasy 16 ဂိမ်းကတော့ ဘယ်အချိန်မှာ ထွက်လာမလဲ သေချာမသိပေမယ့် PlayStation 5 နဲ့ PC မှာထွက်လာပါမယ်။

Spider-Man: Miles Morales

Spider-Man: Miles Morales ကတော့ ၂၀၁၇ က Spider-Man ကိုတိုးချဲ့ထားတဲ့ ဂိမ်းဖြစ်ပါတယ်။

Ratchet and Clank: Rift Apart

PlayStation 5 ဂိမ်းကတော့ Spider-Man Miles Morales အပြင် Ratchet and Clank: Rift Apart ဂိမ်းနဲ့လည်း ပွဲထွက်လာပါမယ်။ Ratchet and Clank ကတော့ PlayStation လာဘ်ကောင်အရုပ် ဖြစ်တယ်။ ၂၀၀၃ လောက်ကတည်းက Sony platform တွေမှာ သီးသန့်ရှိနေပါတယ်။ Rift Apart ကတော့ ဆယ်ခုမြောက် စီးရီးဖြစ်လာပါတယ်။

Demon’s Souls

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း ထွက်ပေါ်ခဲ့တဲ့ အလွန်တရာခက်ခဲတဲ့ ဂိမ်းရေစီးကြောင်းထဲက ဂိမ်းတစ်မျိုး ဖြစ်ပါတယ်။ အဲဒီကာလ ဂိမ်းတွေက FromSoftware ကနေ ၂၀၁၁ ခုနှစ်အတွင်း PlayStation 3 နဲ့ Xbox 360 မှာထွက်ရှိခဲ့တဲ့ Dark Souls ကိုပုံတူကူးထားကြပါတယ်။ Demon’s Souls ကတော့ Dark Souls အနှစ်သာရ ပါဝင်တဲ့ အဆက်ဂိမ်းလို့ ပြောနိုင်ပါတယ်။ Demon’s Souls ကတော့ ၂၀၀၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင် PlayStation 5 အတွက် remake လုပ် ပြင်ဆင်ထားပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««