အသစ္ထြက္ရွိမယ့္ Nokia 7.2 ကင္မရာဒီဇိုင္း ထြက္ေပၚလာ

[ Zawgyi ]

ဒီလအတြင္း Nokia 7.2 နဲ႔ပတ္သက္တဲ့ စာရြက္စာတမ္းေတြ၊ သ႐ုပ္ေဖာ္ပုံေတြနဲ႔ benchmark ရလဒ္ေတြ ထြက္ေပၚလာပါတယ္။ ေနာက္ဆုံးေပၚ ေပါက္ၾကားထြက္ေပၚမႈကေတာ့ Nokia မိုဘုိင္းအတြက္ ပုံရိပ္ပုံေဖာ္မႈအပုိင္း ပူးေပါင္းထားတဲ့ Zeiss Group ကဆက္သြယ္ေရးအႀကီးအကဲ ဂ်ိဳအာခ်င္ကပ္စ္ဆီကပဲ ျဖစ္ပါတယ္။

ဂ်ိဳအာခ်င္ကပ္စ္ကေတာ့ Nokia 7.2 ကင္မရာဒီဇိုင္းက tweet နဲ႔ေဖာ္ျပခဲ့ၿပီး ဖုန္းရဲ႕ မိုဘုိင္းဓာတ္ပုံနဲ႔ ဗီဒီယိုအပုိင္းကုိ အက်ဥ္းခ်ဳံးေျပာျပခဲ့ပါတယ္။ ေနာက္ပုိင္းမွာ အဲဒီ tweet ကုိဖ်က္သြားခဲ့ ပါတယ္။ Nokia 7.2 မွာ ကင္မရာ ၃ လုံး ပါဝင္လာၿပီး ultra-wide angle ကင္မရာနဲ႔ portrait အတြက္ depth sensor လည္း ပါဝင္လာႏိုင္ပါတယ္။ ကင္မရာဒီဇိုင္းက လုံးဝိုင္းၿပီး fingerprint scanner လည္း ေက်ာဘက္မွာပဲ ပါဝင္လာပါတယ္။

Nokia 7.2 စမတ္ဖုန္းကို လာမယ့္လမွာ ျပဳလုပ္မယ့္ IFA ပြဲအတြင္း မိတ္ဆက္ဖြယ္ရွိၿပီး Nokia 6.2 နဲ႔ ထုတ္ေဖာ္ျပသႏိုင္ပါတယ္။ Nokia 7.2 မွာ Snapdragon 710 chipset နဲ႔ RAM 6GB ပါဝင္လာႏိုင္ပါတယ္။ မ်က္ႏွာျပင္ကေတာ့ ၆.၂ လက္မ FHD+ ႐ုပ္ထြက္အရည္အေသြးနဲ႔ျဖစ္ၿပီး ဘက္ထရီကေတာ့ 3,500mAh ပါဝင္လာဖြယ္ရွိပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

ဒီလအတွင်း Nokia 7.2 နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ သရုပ်ဖော်ပုံတွေနဲ့ benchmark ရလဒ်တွေ ထွက်ပေါ်လာပါတယ်။ နောက်ဆုံးပေါ် ပေါက်ကြားထွက်ပေါ်မှုကတော့ Nokia မိုဘိုင်းအတွက် ပုံရိပ်ပုံဖော်မှုအပိုင်း ပူးပေါင်းထားတဲ့ Zeiss Group ကဆက်သွယ်ရေးအကြီးအကဲ ဂျိုအာချင်ကပ်စ်ဆီကပဲ ဖြစ်ပါတယ်။

ဂျိုအာချင်ကပ်စ်ကတော့ Nokia 7.2 ကင်မရာဒီဇိုင်းက tweet နဲ့ဖော်ပြခဲ့ပြီး ဖုန်းရဲ့ မိုဘိုင်းဓာတ်ပုံနဲ့ ဗီဒီယိုအပိုင်းကို အကျဉ်းချုံးပြောပြခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီ tweet ကိုဖျက်သွားခဲ့ ပါတယ်။ Nokia 7.2 မှာ ကင်မရာ ၃ လုံး ပါဝင်လာပြီး ultra-wide angle ကင်မရာနဲ့ portrait အတွက် depth sensor လည်း ပါဝင်လာနိုင်ပါတယ်။ ကင်မရာဒီဇိုင်းက လုံးဝိုင်းပြီး fingerprint scanner လည်း ကျောဘက်မှာပဲ ပါဝင်လာပါတယ်။

Nokia 7.2 စမတ်ဖုန်းကို လာမယ့်လမှာ ပြုလုပ်မယ့် IFA ပွဲအတွင်း မိတ်ဆက်ဖွယ်ရှိပြီး Nokia 6.2 နဲ့ ထုတ်ဖော်ပြသနိုင်ပါတယ်။ Nokia 7.2 မှာ Snapdragon 710 chipset နဲ့ RAM 6GB ပါဝင်လာနိုင်ပါတယ်။ မျက်နှာပြင်ကတော့ ၆.၂ လက်မ FHD+ ရုပ်ထွက်အရည်အသွေးနဲ့ဖြစ်ပြီး ဘက်ထရီကတော့ 3,500mAh ပါဝင်လာဖွယ်ရှိပါတယ်။

Ref: GSMArena