အသစ္ထြက္မယ့္ Xiaomi Mi Max 3 ဓာတ္ပံုမ်ား ထြက္ေပၚလာ

ဇူလိုင္ ၁၆ ရက္၊ မေန႔က အသစ္ထြက္မယ့္ Mi Max 3 ရဲ႕ အေရးပါတဲ့ အခ်က္အလက္အခ်ိဳ႕ကို အတည္ျပဳထားတဲ့ ဖုန္းဘူးခြံ ဓာတ္ပံုေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒီကေန႔မွာေတာ့ Xiaomi တည္ေထာင္သူ Bin Lin က Mi Max 3 ကို တရားဝင္မိတ္မဆက္ခင္ ႏွစ္ရက္အလိုမွာ အဆိုပါ စမတ္ဖုန္းသစ္ရဲ႕ ဓာတ္ပံုေတြကို ေဝမွ်ခဲ့ပါတယ္။

အဲ့ဒီ ဓာတ္ပံုေတြမွာ အရင္က ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဖုန္းဒီဇိုင္းနဲ႔ ပတ္သက္တဲ့ အေသးစိတ္အခ်က္အလက္ေတြနဲ႔အတူ ရရိွႏိုင္မယ့္ အေရာင္ေတြကို ျပသထားပါတယ္။

အဆိုပါ ဓာတ္ပံုေတြအရ Mi Max 3 ရဲ႕ အေရွ႕ဘက္မွာ notch မပါဝင္တဲ့ ၆.၉ လက္မ IPS display နဲ႔အတူ ထူထဲတဲ့ bezel ေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ ေက်ာဘက္ကိုေတာ့ သတၱဳနဲ႔ ျပဳလုပ္ထားပံုရၿပီး ဒီဇိုင္းက Redmi Note 5 Pro, Redmi 4 Pro တို႔နဲ႔ အလြန္တူညီတာကို ေတြ႕ရပါတယ္။

အေရာင္အေနနဲ႔ Mi Max 3 ကို ေရႊေရာင္၊ အျပာေရာင္၊ အနက္ေရာင္တို႔နဲ႔ ရရိွႏိုင္မယ္လို႔ သိရပါတယ္။

Ref: GSMArena

[ Unicode ]

ဇူလိုင် ၁၆ ရက်၊ မနေ့က အသစ်ထွက်မယ့် Mi Max 3 ရဲ့ အရေးပါတဲ့ အချက်အလက်အချို့ကို အတည်ပြုထားတဲ့ ဖုန်းဘူးခွံ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီကနေ့မှာတော့ Xiaomi တည်ထောင်သူ Bin Lin က Mi Max 3 ကို တရားဝင်မိတ်မဆက်ခင် နှစ်ရက်အလိုမှာ အဆိုပါ စမတ်ဖုန်းသစ်ရဲ့ ဓာတ်ပုံတွေကို ဝေမျှခဲ့ပါတယ်။

အဲ့ဒီ ဓာတ်ပုံတွေမှာ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဖုန်းဒီဇိုင်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့အတူ ရရှိနိုင်မယ့် အရောင်တွေကို ပြသထားပါတယ်။

အဆိုပါ ဓာတ်ပုံတွေအရ Mi Max 3 ရဲ့ အရှေ့ဘက်မှာ notch မပါဝင်တဲ့ ၆.၉ လက်မ IPS display နဲ့အတူ ထူထဲတဲ့ bezel တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျောဘက်ကိုတော့ သတ္တုနဲ့ ပြုလုပ်ထားပုံရပြီး ဒီဇိုင်းက Redmi Note 5 Pro, Redmi 4 Pro တို့နဲ့ အလွန်တူညီတာကို တွေ့ရပါတယ်။

အရောင်အနေနဲ့ Mi Max 3 ကို ရွှေရောင်၊ အပြာရောင်၊ အနက်ရောင်တို့နဲ့ ရရှိနိုင်မယ်လို့ သိရပါတယ်။

Ref: GSMArena