အသစ္ထြက္မယ့္ Xiaomi flagship စမတ္ဖုန္းတြင္ in-display fingerprint sensor ပါဝင္လာဖြယ္ရွိ

[ Zawgyi ]

Mi 8 လို႔ေခၚတဲ့ အသစ္ထြက္မယ့္ Xiaomi flagship စမတ္ဖုန္းသစ္မွာ in-display fingerprint sensor ပါဝင္လာမယ္လို႔ YouTube မွာတင္ထားတဲ့ ဗီဒီယိုထဲမွာ ေဖာ္ျပထားပါတယ္။

Mi 8 ဟာ ၿပီးခဲ့တဲ့ႏွစ္ကထြက္ရွိခဲ့တဲ့ Mi 6 ေနာက္မွာထြက္ရွိမယ့္ စမတ္ဖုန္းျဖစ္လာႏိုင္ပါတယ္။ Xiaomi အေနနဲ႔ Mi 7 ကို ေက်ာ္ၿပီး ထုတ္မယ့္အေၾကာင္းအရင္းကိုေတာ့ မသိရေသးပါဘူး။ Xiaomi ဟာ Mi 6 ေနာက္ပိုင္း အရြယ္ႀကီးမားတဲ့ display ေတြပါဝင္ၿပီး တန္ဖုိးႀကီး စမတ္ဖုန္းေတြျဖစ္တဲ့ Mi Mix 2 နဲ႔ Mi Mix 2S ကို ျဖန္႔ခ်ိခဲ့ပါတယ္။

Xiaomi ရဲ႕မ်ိဳးဆက္သစ္စမတ္ဖုန္းမွာ 3D facial recognition unlock feature ပါဝင္လာႏိုင္သလို Snapdragon 845 chipset, RAM 8GB, storage 64GB နဲ႔ ႀကိဳးမဲ့အားသြင္းစနစ္ပါဝင္တဲ့ 4,000mAh ဘက္ထရီတို႔ ပါဝင္လာဖြယ္ရွိပါတယ္။

YouTube မွာတင္ထားတဲ့ ဗီဒီယိုမွာ Mi 8 လုိ႔ယူဆရတဲ့ ဖုန္းရဲ႕ interface ကိုမေတြ႕ရဘဲ in-display fingerpirnt login ျပဳလုပ္ပုံကုိ ေဖာ္ျပထားပါတယ္။ စမတ္ဖုန္းမွာ MIUI ဗားရွင္း 9 ကုိ အသုံးျပဳထားပုံရပါတယ္။

In-display fingerprint နည္းပညာဟာ အသစ္ျဖစ္ၿပီး ေရွ႕ေလွ်ာက္ တုိးတက္လာဖို႔ ရွိပါတယ္။

စိုးထက္
Ref: TheVerge

===========

[ Unicode ]

အသစ်ထွက်မယ့် Xiaomi flagship စမတ်ဖုန်းတွင် in-display fingerprint sensor ပါဝင်လာဖွယ်ရှိ

===========

Mi 8 လို့ခေါ်တဲ့ အသစ်ထွက်မယ့် Xiaomi flagship စမတ်ဖုန်းသစ်မှာ in-display fingerprint sensor ပါဝင်လာမယ်လို့ YouTube မှာတင်ထားတဲ့ ဗီဒီယိုထဲမှာ ဖော်ပြထားပါတယ်။

Mi 8 ဟာ ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ Mi 6 နောက်မှာထွက်ရှိမယ့် စမတ်ဖုန်းဖြစ်လာနိုင်ပါတယ်။ Xiaomi အနေနဲ့ Mi 7 ကို ကျော်ပြီး ထုတ်မယ့်အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ Xiaomi ဟာ Mi 6 နောက်ပိုင်း အရွယ်ကြီးမားတဲ့ display တွေပါဝင်ပြီး တန်ဖိုးကြီး စမတ်ဖုန်းတွေဖြစ်တဲ့ Mi Mix 2 နဲ့ Mi Mix 2S ကို ဖြန့်ချိခဲ့ပါတယ်။

Xiaomi ရဲ့မျိုးဆက်သစ်စမတ်ဖုန်းမှာ 3D facial recognition unlock feature ပါဝင်လာနိုင်သလို Snapdragon 845 chipset, RAM 8GB, storage 64GB နဲ့ ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့ 4,000mAh ဘက်ထရီတို့ ပါဝင်လာဖွယ်ရှိပါတယ်။

YouTube မှာတင်ထားတဲ့ ဗီဒီယိုမှာ Mi 8 လို့ယူဆရတဲ့ ဖုန်းရဲ့ interface ကိုမတွေ့ရဘဲ in-display fingerpirnt login ပြုလုပ်ပုံကို ဖော်ပြထားပါတယ်။ စမတ်ဖုန်းမှာ MIUI ဗားရှင်း 9 ကို အသုံးပြုထားပုံရပါတယ်။

In-display fingerprint နည်းပညာဟာ အသစ်ဖြစ်ပြီး ရှေ့လျှောက် တိုးတက်လာဖို့ ရှိပါတယ်။

စိုးထက်
Ref: TheVerge