အသစ္ထြက္မယ့္ iPad Pro မွာ နားၾကပ္ေပါက္ ဖယ္ရွားရန္ Apple စီစဥ္ေနဟုဆို

[Zawgyi]

Apple ဟာ အသစ္ထြက္မယ့္ iPad Pro ေတြျဖစ္တဲ့ ၁၀.၅ လက္မနဲ႔ ၁၂.၉ လက္မ ေမာ္ဒယ္ေတြရဲ႕ အရြယ္အစားအခ်ိဳ႕ ေလွ်ာ့ခ်သြားမွာျဖစ္သလို နားၾကပ္ေပါက္ေတြကိုလည္း ဖယ္ရွားသြားဖို႔ စီစဥ္ေနေၾကာင္း ဂ်ပန္ဆိုက္ MacOtakara က ေဖာ္ျပခဲ့ပါတယ္။

၁၀.၅ လက္မ ေမာ္ဒယ္ကို ၂၅၀.၆ x ၁၇၄.၁ x ၆.၁ မီလီမီတာကေန ၂၄၇.၅ x ၁၇၈.၇ x ၆ မီလီမီတာ အထိိ ေလွ်ာ့ခ်ထားၿပီး ၁၂.၉ လက္မ ေမာ္ဒယ္ကိုေတာ့ ၃၀၅.၇ x ၂၂၀.၆ x ၆.၉ မီလီမီတာကေန ၂၈၀ x ၂၁၅ x ၆.၄ မီလီမီတာအထိ ေလွ်ာ့ခ်ထားတယ္လို႔ ဆိုပါတယ္။

ဒီ specification ေတြဟာ Apple က Pro ေမာ္ဒယ္ေတြမွာ edge-to-edge display တစ္ခုထည့္သြင္းဖို႔ စီစဥ္ေနတယ္ဆိုတဲ့ ေကာလာဟလသတင္းေတြကို ပိုမိုအားေကာင္းေစခဲ့ပါတယ္။ နားၾကပ္ေပါက္ဖယ္ရွားမယ့္အေၾကာင္းကို အခိုင္အမာ မေဖာ္ျပထားေပမယ့္ Apple အေနနဲ႔ Lightning-to-3.5mm adapter ေတြကို ထည့္သြင္းေပးသြားမွာ မဟုတ္ဘူးလို႔ MacOtakara က ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး iPad Pro သစ္ေတြမွာ Face ID ကို အသံုးျပဳသြားမယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဒါေပမဲ့လည္း အဆိုပါ Face ID စနစ္အတြက္ landscape mode အေထာက္အပံ့ ပါဝင္လာမွာမဟုတ္ဘူးလို႔ ဆိုပါတယ္။ ဒါဟာ လူအမ်ားစုက iPad ကို အဆိုပါအေနအထားနဲ႔ အသံုးျပဳၾကတာေၾကာင့္ အခက္ေတြ႕ေစႏိုင္ပါတယ္။

ဒါ့အျပင္ Smart Connector ေတြကို iPad ရဲ႕ ေက်ာဘက္ေအာက္ Lightning connector နားကို ေရႊ႕ေျပာင္းသြားမယ္လို႔လည္း MacOtakara က ေဖာ္ျပခဲ့ပါတယ္။

Apple အေနနဲ႔ Pro ေမာ္ဒယ္သစ္ေတြကို ဒီႏွစ္ကုန္ပိုင္းမွာ မိတ္ဆက္သြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref: AppleInsider

[Unicode]

Apple ဟာ အသစ်ထွက်မယ့် iPad Pro တွေဖြစ်တဲ့ ၁၀.၅ လက်မနဲ့ ၁၂.၉ လက်မ မော်ဒယ်တွေရဲ့ အရွယ်အစားအချို့ လျှော့ချသွားမှာဖြစ်သလို နားကြပ်ပေါက်တွေကိုလည်း ဖယ်ရှားသွားဖို့ စီစဉ်နေကြောင်း ဂျပန်ဆိုက် MacOtakara က ဖော်ပြခဲ့ပါတယ်။

၁၀.၅ လက်မ မော်ဒယ်ကို ၂၅၀.၆ x ၁၇၄.၁ x ၆.၁ မီလီမီတာကနေ ၂၄၇.၅ x ၁၇၈.၇ x ၆ မီလီမီတာ အထိိ လျှော့ချထားပြီး ၁၂.၉ လက်မ မော်ဒယ်ကိုတော့ ၃၀၅.၇ x ၂၂၀.၆ x ၆.၉ မီလီမီတာကနေ ၂၈၀ x ၂၁၅ x ၆.၄ မီလီမီတာအထိ လျှော့ချထားတယ်လို့ ဆိုပါတယ်။

ဒီ specification တွေဟာ Apple က Pro မော်ဒယ်တွေမှာ edge-to-edge display တစ်ခုထည့်သွင်းဖို့ စီစဉ်နေတယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ပိုမိုအားကောင်းစေခဲ့ပါတယ်။ နားကြပ်ပေါက်ဖယ်ရှားမယ့်အကြောင်းကို အခိုင်အမာ မဖော်ပြထားပေမယ့် Apple အနေနဲ့ Lightning-to-3.5mm adapter တွေကို ထည့်သွင်းပေးသွားမှာ မဟုတ်ဘူးလို့ MacOtakara က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး iPad Pro သစ်တွေမှာ Face ID ကို အသုံးပြုသွားမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း အဆိုပါ Face ID စနစ်အတွက် landscape mode အထောက်အပံ့ ပါဝင်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါဟာ လူအများစုက iPad ကို အဆိုပါအနေအထားနဲ့ အသုံးပြုကြတာကြောင့် အခက်တွေ့စေနိုင်ပါတယ်။

ဒါ့အပြင် Smart Connector တွေကို iPad ရဲ့ ကျောဘက်အောက် Lightning connector နားကို ရွှေ့ပြောင်းသွားမယ်လို့လည်း MacOtakara က ဖော်ပြခဲ့ပါတယ်။

Apple အနေနဲ့ Pro မော်ဒယ်သစ်တွေကို ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ မျှော်လင့်ရပါတယ်။

Ref: AppleInsider