အသက်မပြည့်သေးသူတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကြောင့် dating app တွေကို စုံစမ်းစစ်ဆေး

အမေရိကန်အောက်လွှတ်တော် ကော်မတီခွဲက Tinder နဲ့ Bumble လိုမျိုးဝန်ဆောင်မှုတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေနဲ့ အသက်မပြည့်သေးသူတွေ အသုံးပြုနေတာကြောင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။

Bumble, Grindr, The Meet Group and the Match Group လိုမျိုး ကုမ္ပဏီကြီးတွေရဲ့ Tinder, Match.com နဲ့ OkCupid တွေကို စီးပွားရေးနဲ့ စားသုံးသူပေါ်လစီကဏ္ဍ အမေရိကန်အောက်လွှတ်တော်ကြီးကြပ်ရေးနဲ့ ပြန်လည်ဖွဲ့စည်းရေးက ပစ်မှတ်ထားနေပါတယ်။

ကော်မတီခွဲက ကုမ္ပဏီတွေဆီ ပေးပို့တဲ့ ပေးစာတွေမှာ သုံးစွဲသူ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ သတင်းအချက်အလက်၊ အသက်အတည်ပြုရေး လုပ်ငန်းစဉ်နဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ဗလက္ကာရပြုလုပ်မှု ဒါမှမဟုတ် အသက်မပြည့်သူတွေ အသုံးပြုမှုအကြောင်းကို မေးမြန်ထားပါတယ်။ ဝန်ဆောင်မှုတွေရဲ့ တစ်ကိုယ်ရေအချက်အလက်ပေါ်လစီနဲ့ အသေးစိတ်အချက်အလက်ကိုလည်း မေးမြန်းထားပြီး ပေါ်လစီတွေ သုံးသပ်ကာ သဘောတူညီတဲ့အခါ သုံးစွဲသူတွေ မြင်တွေ့ရတဲ့အချက်အလက်ကိုလည်း စုံစမ်းထားပါတယ်။

ဒါ့အပြင် သုံးစွဲသူတွေရဲ့ လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှု၊ မူးယစ်ဆေးသုံးစွဲမှုနဲ့ နိုင်ငံရေးဆိုင်ရာအမြင်အပါအဝင် ဘာအချက်အလက်ကို စုဆောင်းနေလဲဆိုတာ မေးမြန်းထားပါတယ်။

-စိုးထက်
Ref: APNews