အသက် ၈၁ နှစ်မှာ ကိုယ်ပိုင် iPhone app ရေးခဲ့တဲ့ ဂျပန်အမျိုးသမီး

အသက် ၆၀ အရွယ်မှာ ကွန်ပျူတာ စတင်အသုံးပြုခဲ့တဲ့ Masako Wakamiya လို့ခေါ်တဲ့ ဂျပန်အမျိုးသမီးကြီးတစ်ဦးဟာ အသက် ၈၁ နှစ်မှာ ကိုယ်ပိုင် iPhone app တစ်ခုကို ဖန်တီးရေးသားလိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီဂျပန်အမျိုးသမီးကြီးဟာ နည်းပညာလောကထဲ မဝင်ရောက်ခင် ဂျပန်ဘဏ်တစ်ခုမှာ ၄၃ နှစ်ကြာ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

Wakamiya

ဖန်တီးခဲ့တဲ့ iOS app ကို Hinadan လို့ အမည်ပေးထားပါတယ်။ အဲ့ဒီ app ဟာ အရုပ်များနေ့လို့ လူသိများတဲ့ ဂျပန်ရိုးရာပွဲတော် Hinamatsuri ကို အခြေခံထားတာ ဖြစ်ပါတယ်။ ကစားသူတွေက အရုပ်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ မှန်ကန်အောင် ထည့်သွင်းပြီး ကစားရမှာ ဖြစ်ပါတယ်။

Wakamiya ဟာ app တွေကိုဖန်တီးတဲ့အပြင် သူမသွားလာခဲ့တဲ့ခရီးစဉ်တွေက ဗီဒီယိုတွေကို blog တစ်ခုကနေ ဝေမျှလေ့ရှိပါတယ်။ ဒါ့အပြင် သူမဟာ Excel အသုံးပြုနည်းကိုလည်း သင်ကြားပေးနေသူဖြစ်ပါတယ်။

Hinadan app ကို App Store ကနေ download ရယူနိုင်ပါတယ်။