အသက္ ၁၁ ႏွစ္မတုိင္ခင္ ကေလးေတြကို မိုဘိုင္းဖုန္း ေပးမသံုးသင့္ေၾကာင္း ထိပ္တန္း စိတ္ေရာဂါဆရာဝန္ႀကီး သတိေပး

[Zawgyi]

စမတ္ဖုန္းသံုးတဲ့ ကေလးငယ္ေတြဟာ စိတ္က်ေရာဂါနဲ႔ စိုးရိမ္လြန္ျခင္းေရာဂါတို႔ ျဖစ္ပြားႏိုင္တဲ့ အႏ႓ရာယ္ရိွေၾကာင္း ထိပ္တန္း စိတ္ေရာဂါဆရာဝန္ႀကီးတစ္ေယာက္က ေျပာၾကားလိုက္ပါတယ္။ အဆိုပါ စိတ္ေရာဂါဆရာဝန္ႀကီးက ေဒါက္တာ Jon Goldin ျဖစ္ၿပီး မိဘေတြအေနနဲ႔ အသက္ ၁၁ ႏွစ္မတိုင္ခင္ ကေလးေတြကို စမတ္ဖုန္းဝယ္ယူေပးတာမ်ိဳးေတြ မျပဳလုပ္သင့္ဘူးလို႔ သတိေပးေျပာၾကားခဲ့ပါတယ္။

Royal College of Psychologists ရဲ႕ဒုဥကၠျဖစ္တဲ့ Goldin က မိဘေတြဟာ ကေလးငယ္ေတြကို ေက်ာင္းမွာ မ်က္ႏွာမငယ္ေစဖို႔အတြက္ စမတ္ဖုန္းေတြ ဝယ္ယူဖို႔ တြန္းအားေပးခံေနရတယ္လို႔ ဆိုပါတယ္။

“ကေလးေတြက သူတို႔ရဲ႕မိဘေတြကို ‘သူငယ္ခ်င္းအားလံုးမွာ ဖုန္းကိုယ္စီရိွၾကတယ္။ သူတို႔ကိုက် ဖုန္းကိုင္ဖို႔ ခြင့္မျပဳဘူး’ ဆိုၿပီး မၾကာခဏ ေျပာေလ့ရိွပါတယ္” လို႔ သူက Daily Telegraph ကို ေျပာပါတယ္။

မိဘေတြက သူတို႔ရဲ႕ကေလးေတြ လိုအပ္သမွ်ကို မေပးအပ္ဖို႔အတြက္ အစိုးရရဲ႕ လမ္းညႊန္ပဲ့ထိန္းမႈနဲ႔ သတိရိွဖို႔ လိုအပ္ႏိုင္ေၾကာင္း သူက ဆိုပါတယ္။

“ဒီလိုအေျခအေနမွာ မိဘေတြက အစိုးရရဲ႕ လမ္းညႊန္ခ်က္ အေထာက္အပံ့ လိုအပ္ပါတယ္။ အသက္ ၁၁ ႏွစ္ေအာက္ ကေလးငယ္ေတြကို မိုဘိုင္းဖုန္း ေပးမသံုးဖို႔အတြက္ ဥပေဒျပဌာန္းလို႔ မရႏိုင္ေပမယ့္ ဒီလမ္းညႊန္ခ်က္က သူတို႔ရဲ႕ ၁၀ ႏွစ္သား ကေလးေတြနဲ႔ အျပန္အလွန္စကားေျပာတဲ့အခါမွာ မိဘေတြကို အေထာက္အပံ့ ျဖစ္ေစႏိုင္ပါတယ္” လို႔ Goldin က ေျပာပါတယ္။

အသက္ ၁၁ ႏွစ္ေအာက္ ကေလးငယ္ေတြအေနနဲ႔ လူမႈေရးမီဒီယာကို တစ္ေန႔ ႏွစ္နာရီထက္ပိုၿပီး သံုးခြင့္မေပးသင့္ဘူးလို႔လည္း Goldin က အႀကံျပဳခဲ့ပါတယ္။

လူမႈေရးမီဒီယာဟာ ကေလးငယ္ေတြကို အႏုတ္လကၡဏာေဆာင္တဲ့ စိတ္ခံစားမႈအမ်ားအျပား ျဖစ္ေပၚေစႏိုင္ၿပီး စိုးရိမ္လြန္ျခင္းေရာဂါနဲ႔ စိတ္က်ေရာဂါေတြ ျဖစ္ေစႏိုင္သလို ဆိုင္ဘာအႏိုင္က်င့္မႈ အႏၲရာယ္ေတြနဲ႔လည္း ႀကံဳေတြ႕ေစႏိုင္တယ္လို႔ Goldin က ဆိုပါတယ္။ Facebook နဲ႔ Twitter တို႔လို လူမႈေရးမီဒီယာႀကီးေတြအေနနဲ႔လည္း ကေလးေတြက သူတို႔ရဲ႕အသက္ကို မလိမ္ႏိုင္ေအာင္ ပိုမိုခက္ခဲစြာ ျပဳလုပ္သင့္ေၾကာင္းနဲ႔ အသက္ ၁၃ ႏွစ္မျပည့္မခ်င္း လူမႈေရးမီဒီယာ account ေတြ မဖန္တီးႏိုင္ေအာင္ ျပဳလုပ္သင့္ေၾကာင္း ေတာင္းဆိုခဲ့ပါတယ္။

အသက္ ၈ ႏွစ္ကေန ၁၁ ႏွစ္အတြင္းရိွတဲ့ ကေလး ၁၀ ေယာက္မွာ ၄ ေယာက္က စမတ္ဖုန္းတစ္လံုး ပိုင္ဆိုင္ပါတယ္။ Priory Group က ေကာက္ယူထားတဲ့ စစ္တမ္းတစ္ခုအရ ၄၀ ရာခိုင္ႏႈန္းဝန္းက်င္ရိွတဲ့ မိဘေတြဟာ အသက္ ၁၆ ႏွစ္ျပည့္မွ စမတ္ဖုန္းသံုးခြင့္ေပးမယ္ဆိုတဲ့ သေဘာတူညီမႈကို ရယူထားၾကၿပီး မိဘ ၆၇ ရာခိုင္ႏႈန္းခန္႔ကေတာ့ ကေလးအသက္ ဘယ္ေလာက္မွာ ဖုန္းတစ္လံုးေပးကိုင္သင့္သလဲဆိုတဲ့ အစိုးရတဲ့ ညႊန္ၾကားမႈကို ရယူလိုတယ္လို႔ သိရပါတယ္။

ေျဖဆိုသူ မိဘ ၁,၀၀၀ ဝန္းက်င္ရိွခဲ့တဲ့ အဆိုပါစစ္တမ္းမွာ ၉၂ ရာခိုင္ႏႈန္းက အင္တာနက္ဟာ ကေလးေတြကို အႏုတ္လကၡဏာေဆာင္တဲ့ အက်ိဳးသက္ေရာက္မႈတစ္ရပ္ ျဖစ္ေပၚေစတယ္လို႔ ထင္ျမင္ၾကပါတယ္။ အျခားမိဘေတြကလည္း ကေလးေတြရဲ႕ စမတ္ဖုန္းအေပၚ စြဲလမ္းမႈက သူတို႔ရဲ႕အိပ္စက္မႈအေပၚ ထိခိုက္မွာကို စိုးရိမ္ၾကသလို အခ်ိဳ႕ကလည္း လူမႈေရးမီဒီယာကို အလြန္အကၽြံသံုးစြဲမႈေၾကာင့္ ကေလးေတြက ကိုယ့္ကိုယ္ကို ျမင္တဲ့အျမင္ (self-esteem) ကို နိမ့္က်ေစတယ္လို႔ ယူဆၾကပါတယ္။

ဆက္လက္ၿပီး အရြယ္ေရာက္ၿပီးသူတစ္ေယာက္က သူတို႔ရဲ႕ ဆဲလ္ဖုန္းကို ၁၂ မိနစ္တစ္ႀကိမ္ စစ္ေဆးၾကတယ္လို႔ မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့ အစီရင္ခံစာတစ္ခုမွာ ေဖာ္ျပထားပါတယ္။ Goldin ရဲ႕ သတိေပးခ်က္ဟာ ဒီအစီရင္ခံစာအၿပီးမွာ ထြက္ေပၚလာတာပါ။ Ofcom ရဲ႕ အစီအရင္ခံစာမွာ လူ ၁၀ ေယာက္မွာ ၆ ေယာက္က ဖုန္းမရိွရင္ မေနႏိုင္ၾကေၾကာင္းနဲ႔ ထက္ဝက္ခန္႔က အြန္လံုးကို အခ်ိန္ၾကာျမင့္စြာ အသံုးျပဳၿပီး ဖုန္းေတြကို စြဲလမ္းတဲ့အတြက္ေၾကာင့္ လူမႈဆက္ဆံေရး ပ်က္ျပားမႈေတြ ျဖစ္ေပၚေစခဲ့တယ္လို႔ ဆိုပါတယ္။

မၾကာေသးခင္ကလည္း ပညာရွင္တစ္ေယာက္က သူ႔ရဲ႕ အသက္ ၁၇ ႏွစ္အရြယ္ သားျဖစ္သူကို အိပ္ရာေပၚမွာ ဖုန္းမသံုးဖို႔ တားျမစ္ခဲ့တဲ့ေနာက္ မိဘေတြအေနနဲ႔ ကေလးေတြရဲ႕ ဖုန္းေတြကို ညဘက္မွာ သိမ္းဆည္းထားသင့္ေၾကာင္း အႀကံျပဳခဲ့ပါတယ္။ ပေရာ္ဖက္ဆာ Adam Joinson ရဲ႕ အဆိုအရ မိဘေတြဟာ သူတို႔ကေလးေတြရဲ႕ ဖုန္းေတြကို ညဘက္မွာ သိမ္းဆည္းၿပီး ႏိႈးစက္နာရီေတြကိုသာ ဝယ္ေပးသင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Ref: meaww

[Unicode]

စမတ်ဖုန်းသုံးတဲ့ ကလေးငယ်တွေဟာ စိတ်ကျရောဂါနဲ့ စိုးရိမ်လွန်ခြင်းရောဂါတို့ ဖြစ်ပွားနိုင်တဲ့ အန႓ရာယ်ရှိကြောင်း ထိပ်တန်း စိတ်ရောဂါဆရာဝန်ကြီးတစ်ယောက်က ပြောကြားလိုက်ပါတယ်။ အဆိုပါ စိတ်ရောဂါဆရာဝန်ကြီးက ဒေါက်တာ Jon Goldin ဖြစ်ပြီး မိဘတွေအနေနဲ့ အသက် ၁၁ နှစ်မတိုင်ခင် ကလေးတွေကို စမတ်ဖုန်းဝယ်ယူပေးတာမျိုးတွေ မပြုလုပ်သင့်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

Royal College of Psychologists ရဲ့ဒုဥက္ကဖြစ်တဲ့ Goldin က မိဘတွေဟာ ကလေးငယ်တွေကို ကျောင်းမှာ မျက်နှာမငယ်စေဖို့အတွက် စမတ်ဖုန်းတွေ ဝယ်ယူဖို့ တွန်းအားပေးခံနေရတယ်လို့ ဆိုပါတယ်။

“ကလေးတွေက သူတို့ရဲ့မိဘတွေကို ‘သူငယ်ချင်းအားလုံးမှာ ဖုန်းကိုယ်စီရှိကြတယ်။ သူတို့ကိုကျ ဖုန်းကိုင်ဖို့ ခွင့်မပြုဘူး’ ဆိုပြီး မကြာခဏ ပြောလေ့ရှိပါတယ်” လို့ သူက Daily Telegraph ကို ပြောပါတယ်။

မိဘတွေက သူတို့ရဲ့ကလေးတွေ လိုအပ်သမျှကို မပေးအပ်ဖို့အတွက် အစိုးရရဲ့ လမ်းညွှန်ပဲ့ထိန်းမှုနဲ့ သတိရှိဖို့ လိုအပ်နိုင်ကြောင်း သူက ဆိုပါတယ်။

“ဒီလိုအခြေအနေမှာ မိဘတွေက အစိုးရရဲ့ လမ်းညွှန်ချက် အထောက်အပံ့ လိုအပ်ပါတယ်။ အသက် ၁၁ နှစ်အောက် ကလေးငယ်တွေကို မိုဘိုင်းဖုန်း ပေးမသုံးဖို့အတွက် ဥပဒေပြဌာန်းလို့ မရနိုင်ပေမယ့် ဒီလမ်းညွှန်ချက်က သူတို့ရဲ့ ၁၀ နှစ်သား ကလေးတွေနဲ့ အပြန်အလှန်စကားပြောတဲ့အခါမှာ မိဘတွေကို အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်” လို့ Goldin က ပြောပါတယ်။

အသက် ၁၁ နှစ်အောက် ကလေးငယ်တွေအနေနဲ့ လူမှုရေးမီဒီယာကို တစ်နေ့ နှစ်နာရီထက်ပိုပြီး သုံးခွင့်မပေးသင့်ဘူးလို့လည်း Goldin က အကြံပြုခဲ့ပါတယ်။

လူမှုရေးမီဒီယာဟာ ကလေးငယ်တွေကို အနုတ်လက္ခဏာဆောင်တဲ့ စိတ်ခံစားမှုအများအပြား ဖြစ်ပေါ်စေနိုင်ပြီး စိုးရိမ်လွန်ခြင်းရောဂါနဲ့ စိတ်ကျရောဂါတွေ ဖြစ်စေနိုင်သလို ဆိုင်ဘာအနိုင်ကျင့်မှု အန္တရာယ်တွေနဲ့လည်း ကြုံတွေ့စေနိုင်တယ်လို့ Goldin က ဆိုပါတယ်။ Facebook နဲ့ Twitter တို့လို လူမှုရေးမီဒီယာကြီးတွေအနေနဲ့လည်း ကလေးတွေက သူတို့ရဲ့အသက်ကို မလိမ်နိုင်အောင် ပိုမိုခက်ခဲစွာ ပြုလုပ်သင့်ကြောင်းနဲ့ အသက် ၁၃ နှစ်မပြည့်မချင်း လူမှုရေးမီဒီယာ account တွေ မဖန်တီးနိုင်အောင် ပြုလုပ်သင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။

အသက် ၈ နှစ်ကနေ ၁၁ နှစ်အတွင်းရှိတဲ့ ကလေး ၁၀ ယောက်မှာ ၄ ယောက်က စမတ်ဖုန်းတစ်လုံး ပိုင်ဆိုင်ပါတယ်။ Priory Group က ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုအရ ၄၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ မိဘတွေဟာ အသက် ၁၆ နှစ်ပြည့်မှ စမတ်ဖုန်းသုံးခွင့်ပေးမယ်ဆိုတဲ့ သဘောတူညီမှုကို ရယူထားကြပြီး မိဘ ၆၇ ရာခိုင်နှုန်းခန့်ကတော့ ကလေးအသက် ဘယ်လောက်မှာ ဖုန်းတစ်လုံးပေးကိုင်သင့်သလဲဆိုတဲ့ အစိုးရတဲ့ ညွှန်ကြားမှုကို ရယူလိုတယ်လို့ သိရပါတယ်။

ဖြေဆိုသူ မိဘ ၁,၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ အဆိုပါစစ်တမ်းမှာ ၉၂ ရာခိုင်နှုန်းက အင်တာနက်ဟာ ကလေးတွေကို အနုတ်လက္ခဏာဆောင်တဲ့ အကျိုးသက်ရောက်မှုတစ်ရပ် ဖြစ်ပေါ်စေတယ်လို့ ထင်မြင်ကြပါတယ်။ အခြားမိဘတွေကလည်း ကလေးတွေရဲ့ စမတ်ဖုန်းအပေါ် စွဲလမ်းမှုက သူတို့ရဲ့အိပ်စက်မှုအပေါ် ထိခိုက်မှာကို စိုးရိမ်ကြသလို အချို့ကလည်း လူမှုရေးမီဒီယာကို အလွန်အကျွံသုံးစွဲမှုကြောင့် ကလေးတွေက ကိုယ့်ကိုယ်ကို မြင်တဲ့အမြင် (self-esteem) ကို နိမ့်ကျစေတယ်လို့ ယူဆကြပါတယ်။

ဆက်လက်ပြီး အရွယ်ရောက်ပြီးသူတစ်ယောက်က သူတို့ရဲ့ ဆဲလ်ဖုန်းကို ၁၂ မိနစ်တစ်ကြိမ် စစ်ဆေးကြတယ်လို့ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။ Goldin ရဲ့ သတိပေးချက်ဟာ ဒီအစီရင်ခံစာအပြီးမှာ ထွက်ပေါ်လာတာပါ။ Ofcom ရဲ့ အစီအရင်ခံစာမှာ လူ ၁၀ ယောက်မှာ ၆ ယောက်က ဖုန်းမရှိရင် မနေနိုင်ကြကြောင်းနဲ့ ထက်ဝက်ခန့်က အွန်လုံးကို အချိန်ကြာမြင့်စွာ အသုံးပြုပြီး ဖုန်းတွေကို စွဲလမ်းတဲ့အတွက်ကြောင့် လူမှုဆက်ဆံရေး ပျက်ပြားမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုပါတယ်။

မကြာသေးခင်ကလည်း ပညာရှင်တစ်ယောက်က သူ့ရဲ့ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူကို အိပ်ရာပေါ်မှာ ဖုန်းမသုံးဖို့ တားမြစ်ခဲ့တဲ့နောက် မိဘတွေအနေနဲ့ ကလေးတွေရဲ့ ဖုန်းတွေကို ညဘက်မှာ သိမ်းဆည်းထားသင့်ကြောင်း အကြံပြုခဲ့ပါတယ်။ ပရော်ဖက်ဆာ Adam Joinson ရဲ့ အဆိုအရ မိဘတွေဟာ သူတို့ကလေးတွေရဲ့ ဖုန်းတွေကို ညဘက်မှာ သိမ်းဆည်းပြီး နှိုးစက်နာရီတွေကိုသာ ဝယ်ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: meaww