အသက္ေမြး၀မ္းေက်ာင္းပညာကို အားေပးရမည္ဟု ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေျပာၾကား

[Zawgyi]

ႏိုင္ငံရဲ႕လိုအပ္ခ်က္အရ တစ္ကမၻာလုံးရဲ႕ လိုအပ္ခ်က္အရ အသက္ေမြး၀မ္းေက်ာင္းပညာကို အားေပးရမယ္လုိ႔ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

” တကၠသိုလ္ပညာ မသင္ရင္ေတာင္မွ အသက္ေမြး၀မ္းေက်ာင္းပညာကို သင္ေစခ်င္တယ္။ တကယ္ေတာ့ ပိုၿပီးေတာ့လည္း အားေပးခ်င္တယ္။ တကၠသိုလ္ပရ၀ဏ္မွာ လာၿပီးေတာ့ အသက္ေမြး၀မ္းေက်ာင္းပညာဘက္ကို ပိုၿပီးေတာ့အားေပးပါတယ္ဆိုတာ ေျပာတဲ့အခါက်ေတာ့ အားမနာတမ္းေျပာသလို ျဖစ္ေနမွာဆိုေပမယ့္ ကြၽန္မတို႔ႏိုင္ငံရဲ႕ လိုအပ္ခ်က္အရ၊ တစ္ကမၻာလုံးရဲ႕လိုအပ္ခ်က္အရ အသက္ေမြး၀မ္းေက်ာင္းပညာကို ကြၽန္မတို႔အားေပးရမယ္။ ဒါဟာ ကမၻာ့ေရစီးေၾကာင္းပဲ” လုိ႔ ၎ကေျပာပါတယ္။

အထက္တန္းေက်ာင္းကို ၿပီးဆံုးေအာင္မသင္ၾကားတဲ့ ေယာက်္ားေလးႏႈန္းဟာ ျမင့္တက္လာတဲ့အတြက္ တကၠသိုလ္ပညာ မသင္ရင္ေတာင္မွ အသက္ေမြး၀မ္းေက်ာင္းပညာကိုသင္ၾကားရမွာပါ။ အဆိုပါ အေၾကာင္းအရာေတြကုိ ၾသဂုတ္လ ၁၁ ရက္၊ မႏၲေလးတကၠသိုလ္ဘြဲ႕ႏွင္းသဘင္ခန္းမမွာ က်င္းပခဲ့တဲ့ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ လူငယ္မ်ားစာေပစကား၀ိုင္း အခမ္းအနားမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

-သႏၲာ

[Unicode]

နိုင်ငံရဲ့လိုအပ်ချက်အရ တစ်ကမ္ဘာလုံးရဲ့ လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်းပညာကို အားပေးရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

” တက္ကသိုလ်ပညာ မသင်ရင်တောင်မှ အသက်မွေးဝမ်းကျောင်းပညာကို သင်စေချင်တယ်။ တကယ်တော့ ပိုပြီးတော့လည်း အားပေးချင်တယ်။ တက္ကသိုလ်ပရဝဏ်မှာ လာပြီးတော့ အသက်မွေးဝမ်းကျောင်းပညာဘက်ကို ပိုပြီးတော့အားပေးပါတယ်ဆိုတာ ပြောတဲ့အခါကျတော့ အားမနာတမ်းပြောသလို ဖြစ်နေမှာဆိုပေမယ့် ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်အရ၊ တစ်ကမ္ဘာလုံးရဲ့လိုအပ်ချက်အရ အသက်မွေးဝမ်းကျောင်းပညာကို ကျွန်မတို့အားပေးရမယ်။ ဒါဟာ ကမ္ဘာ့ရေစီးကြောင်းပဲ” လို့ ၎င်းကပြောပါတယ်။

အထက်တန်းကျောင်းကို ပြီးဆုံးအောင်မသင်ကြားတဲ့ ယောကျ်ားလေးနှုန်းဟာ မြင့်တက်လာတဲ့အတွက် တက္ကသိုလ်ပညာ မသင်ရင်တောင်မှ အသက်မွေးဝမ်းကျောင်းပညာကိုသင်ကြားရမှာပါ။ အဆိုပါ အကြောင်းအရာတွေကို သြဂုတ်လ ၁၁ ရက်၊ မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များစာပေစကားဝိုင်း အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

-သန္တာ