အသက္အရြယ္ေပၚမူတည္၍ KG ႏွင့္ Grade 1 ခြဲျခားအပ္ႏွံရမည္

[ Zawgyi ]

၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္အတြက္ ေက်ာင္းအပ္ႏွံရာတြင္ အသက္ ၅ ႏွစ္ျပည့္သူတုိင္း သူငယ္တန္း (KG) တြင္ လည္းေကာင္း၊ အသက္ ၆ ႏွစ္ျပည့္သူတိုင္း ပထမတန္း (Grade 1) တြင္လည္းေကာင္း အပ္ႏွံရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားပါတယ္။

ေက်ာင္းသားဦးေရ တုိးတက္မ်ားျပားလာျခင္း၊ ေက်ာင္းအပ္ႏွံႏႈန္း ျမင့္မားလာျခင္း၊ ထပ္ေက်ာ့ေက်ာင္းအပ္ႏွံျခင္းေၾကာင့္ လည္းေကာင္း၊ ေက်ာင္းသံုးျပ႒ာန္းစာအုပ္မ်ားကို လံုေလာက္စြာျဖန္႔ေဝေပးလိုပါသျဖင့္ ၿမိဳ႕နယ္အလိုက္ သတ္မွတ္နယ္ေျမမ်ားတြင္သာ ေက်ာင္းအပ္ႏွံၾကပါရန္ ပညာေရးဝန္ႀကီးဌာနမွ ေမတၱာရပ္ခံထားပါတယ္။

သက္ဆုိင္ရာ အတန္းမ်ားအလုိက္ အခန္းဆံုးစစ္ေဆးျခင္းမ်ားကိုလည္း ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လမွာ တစ္ႀကိမ္၊ ဒီဇင္ဘာလမွာ တစ္ႀကိမ္၊ ႏွစ္လယ္စစ္ေဆးျခင္းကို ေအာက္တုိဘာလမွာ တစ္ႀကိမ္၊ ႏွစ္ဆံုးစစ္ေဆးျခင္းကို ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလမွာ တစ္ႀကိမ္ စုစုေပါင္း ၄ ႀကိမ္သာေဆာင္ရြက္ရမယ္လုိ႔ သိရပါတယ္။

မိဘေတြ အေနနဲ႔ မူလတန္းအဆင့္မွာ ပထမတန္း၊ ဒုတိယတန္း၊ တတိယတန္းေက်ာင္းသား၊ ေက်ာင္းသူမ်ားအားလံုး စာဖတ္တတ္ရန္၊ စာေရးတတ္ရန္၊ အေျခခံသခၤ်ာတြက္ခ်က္တတ္ရန္အတြက္ အေလးအနက္ထားေဆာင္ရြက္ၿပီး ေက်ာင္းထြက္သူ လံုးဝမရွိေစေရးနဲ႔ အလယ္တန္း၊ အထက္တန္းအဆင့္မ်ားသို႔ အဆင့္ဆင့္ ဆက္လက္ပညာသင္ယူႏုိင္ေရးအတြက္ မိဘမ်ားက ပူးေပါင္းပါဝင္ ေဆာင္ရြက္ေပးရမွာျဖစ္ၿပီး မွ်ေဝျခင္းဆုိင္ရာ အစီအစဥ္မွာလည္း ပူးေပါင္းပါဝင္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။

ပညာေရးဝန္ႀကီးဌာန၊ ဝန္ႀကီး႐ံုးသုိ႔ အသိေပးတုိင္ၾကားလိုပါကလည္း ပညာေရးဝန္ႀကီးဌာန၊ ႐ံုးအမွတ္ ၁၃၊ ေနျပည္ေတာ္ သုိ႔မဟုတ္ [email protected] သို႔ ေပးပို႔တိုင္ၾကားႏုိင္ပါတယ္။

-သႏၲာ

==========

[ Unicode ]

အသက်အရွယ်ပေါ်မူတည်၍ KG နှင့် Grade 1 ခွဲခြားအပ်နှံရမည်

==========

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် အသက် ၅ နှစ်ပြည့်သူတိုင်း သူငယ်တန်း (KG) တွင် လည်းကောင်း၊ အသက် ၆ နှစ်ပြည့်သူတိုင်း ပထမတန်း (Grade 1) တွင်လည်းကောင်း အပ်နှံရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။

ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်း၊ ထပ်ကျော့ကျောင်းအပ်နှံခြင်းကြောင့် လည်းကောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာဖြန့်ဝေပေးလိုပါသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြပါရန် ပညာရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားပါတယ်။

သက်ဆိုင်ရာ အတန်းများအလိုက် အခန်းဆုံးစစ်ဆေးခြင်းများကိုလည်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ တစ်ကြိမ်၊ ဒီဇင်ဘာလမှာ တစ်ကြိမ်၊ နှစ်လယ်စစ်ဆေးခြင်းကို အောက်တိုဘာလမှာ တစ်ကြိမ်၊ နှစ်ဆုံးစစ်ဆေးခြင်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တစ်ကြိမ် စုစုပေါင်း ၄ ကြိမ်သာဆောင်ရွက်ရမယ်လို့ သိရပါတယ်။

မိဘတွေ အနေနဲ့ မူလတန်းအဆင့်မှာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်းကျောင်းသား၊ ကျောင်းသူများအားလုံး စာဖတ်တတ်ရန်၊ စာရေးတတ်ရန်၊ အခြေခံသင်္ချာတွက်ချက်တတ်ရန်အတွက် အလေးအနက်ထားဆောင်ရွက်ပြီး ကျောင်းထွက်သူ လုံးဝမရှိစေရေးနဲ့ အလယ်တန်း၊ အထက်တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက်ပညာသင်ယူနိုင်ရေးအတွက် မိဘများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမှာဖြစ်ပြီး မျှဝေခြင်းဆိုင်ရာ အစီအစဉ်မှာလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါကလည်း ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၁၃၊ နေပြည်တော် သို့မဟုတ် [email protected] သို့ ပေးပို့တိုင်ကြားနိုင်ပါတယ်။

-သန္တာ