
Xiaomi ဟာ Mi Air Charge နည်းပညာကို မိတ်ဆက်လိုက်ပါတယ်။ အခု နည်းပညာက အဝေးကနေ ထုတ်ကုန်တွေကို တစ်ပြိုင်နက်တည်း အားသွင်းပေးနိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ Mi Air Charge ဟာ အသုံးပြုနေဆဲ စမတ်ဖုန်းကိုလည်း အားသွင်းပေးနိုင်ပါတယ်။ စမတ်ဖုန်းကို လမ်းလျှောက်ပြီး သုံးတာ ဒါမှမဟုတ် တစ်စုံတစ်ခု ကြားခံနေပေမယ့်လည်း အဝေးကနေ အားသွင်းပေးနိုင်တယ်လို့ Xiaomi ကထုတ်ပြန်ထားပါတယ်။
We're excited to bring you the remote charging technology – Mi Air Charge Technology! Charge multiple devices simultaneously while you're gaming, walking around or even when something's in the way, no strings attached. Another giant leap forward in wireless charging technology! pic.twitter.com/wEoB10wOQ2
— Xiaomi (@Xiaomi) January 29, 2021
Xiaomi က Mi Air Charge နည်းပညာအကြောင်းကို blog post မှာရေးသားခဲ့ပါတယ်။ စမတ်ထုတ်ကုန်တွေကို အဝေးကနေ အားသွင်းပေးမယ့် ထုတ်ကုန်ကတော့ ကြီးမားပြီး ဧည့်ခန်းမှာထားတဲ့ စားပွဲအသေးစားလောက် ရှိပါတယ်။ အဲဒီ transmitter ကတော့ စမတ်ဖုန်းကို ကြိုးမဲ့ 5W အထိ အားသွင်းပေးနိုင်ပါတယ်။ Xiaomi ရဲ့ Mi Air Charge ကတော့ Qi စံညွှန်းနဲ့ မတူပါဘူး။ Xiaomi ရဲ့ Mi Air Charge ကိုအသုံးပြုမယ်ဆိုရင် စမတ်ဖုန်းတွေမှာ အချက်ပြအင်တာနာနဲ့ လှိုင်းလက်ခံတဲ့ အင်တာနာအပြင် အသေးစားအင်တာနာ များစွာ ပါဝင်ဖို့ လိုပါတယ်။ စမတ်ဖုန်းက အားသွင်းလှိုင်းတွေကို မီလီမီတာလှိုင်း အဖြစ် ပြောင်းလဲဖို့ အင်တာနာ ၁၄ ခု ရှိရပါမယ်။ အဲဒီလှိုင်းကိုတော့ လျှပ်စစ်ထုတ် ဆားကစ်ကတစ်ဆင့် လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးပါတယ်။
အဲဒီ အခြေအနေမှာ Xiaomi ရဲ့နည်းပညာက ထုတ်ကုန်တွေကို မီတာအကွာအဝေးတစ်ခုအတွင်း 5W အထိ အားသွင်းပေးနိုင်ပါတယ်။ Mi Air Charge နည်းပညာကတော့ စမတ်နာရီ၊ fitness လက်ပတ်နဲ့ အခြားစမတ်ထုတ်ကုန်တွေမှာ အသုံးပြုလာနိုင်မယ်လို့ Xiaomi ကပြောခဲ့ပါတယ်။
-စိုးထက်
Ref: GSMArena
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««