အလွန်တိကျတဲ့ လမ်းညွှန်စနစ်ကို OPPO ဖန်တီးနေ

OPPO ကတော့ အလွန်တိကျတဲ့ လမ်းညွှန်စနစ် RTK နည်းပညာသစ်ကို မိတ်ဆက်လိုက်ပါတယ်။ OPPO ရဲ့ algorithm အသစ်ကတော့ ထုတ်ကုန်သစ်တပ်ဆင်စရာ မလိုဘဲ ၁ မီတာ အထိ တိကျအောင် စွမ်းဆောင်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။

OPPO ဟာ China Mobile နဲ့ပေါင်းပြီး နည်းပညာကို ဖန်တီးနေကာ မြေပြင်အခြေစိုက် စနစ်နဲ့ 5G တာဝါမှာ အသုံးပြုမယ်လို့ သိရပါတယ်။ RTK ကတော့ GPS နဲ့ ဆဲလ်တာဝါ အပြင် ဖုန်း sensor တွေက ရရှိတဲ့ အချက်အလက်အားလုံးကို စုဆောင်းသွားပါမယ်။ OPPO ရဲ့ RTK နည်းပညာသုံး algorithm ကတော့ အခြားစနစ်တွေ နှောင့်ယှက်မှုကိုလည်း ခံနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««