အလြန္ပါးလႊာၿပီး စြမ္းအင္သံုးစြဲမႈသက္သာတဲ့ ဒုတိယမ်ိဳးဆက္ 8GB RAM ခ်စ္ပ္မ်ားကို Samsung မိတ္ဆက္

[Zawgyi]

စမတ္ဖုန္းေစ်းကြက္မွာ ဦးေဆာင္သူျဖစ္ဖို႔ ရည္မွန္းထားတဲ့ Samsung ဟာ ေစ်းကြက္ရဲ႕ ပထမဆံုး ဒုတိယမ်ိဳးဆက္ 10-nanometer-class LPDDR4X (Low Power, Double Data Rate, 4X) DRAM ကို အလံုးအရင္းနဲ႔ စတင္ထုတ္လုပ္ေနၿပီလို႔ ေၾကညာခဲ့ပါတယ္။

အဲ့ဒီ ခ်စ္ပ္ေတြဟာ ဒီေန႔ေခတ္ တန္ဖိုးႀကီး စမတ္ဖုန္းေတြနဲ႔ အျခား မိုဘိုင္း application ေတြရဲ႕ စြမ္းအင္သံုးစြဲမႈကို ပိုမိုသက္သာေစမွာျဖစ္ပါတယ္။ အဆိုပါ ဒုတိယမ်ိဳးဆက္ LPDDR4X DRAM ဟာ လက္ရိွ flagship မိုဘိုင္းထုတ္ကုန္ေတြမွာ အသံုးျပဳေနတဲ့ ပထမမ်ိဳးဆက္ mobile DRAM memory ခ်စ္ပ္ေတြအတိုင္း အခ်က္အလက္ လႊဲေျပာင္းႏႈန္း 4,266 megabits per second (Mb/s) ကို ဆက္လက္ထိန္းသိမ္းထားေပမယ့္ စြမ္းအင္သံုးစြဲမႈကို ၁၀ ရာခိုင္နႈန္းအထိ ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

အဆိုပါ ခ်စ္ပ္သစ္ဟာ ၂၀၁၆ စက္တင္ဘာလက အလံုးအရင္းနဲ႔ထုတ္လုပ္ခဲ့တဲ့ ဆီလီကြန္ခ်စ္ပ္ေတြထက္ ၂၀ ရာခိုင္ႏႈန္း ပိုမိုပါးလႊာတယ္လို႔လည္း ဆိုပါတယ္။

အဲ့ဒီ ခ်စ္ပ္ေတြကို Galaxy S10 ေမာ္ဒယ္သံုးမ်ိဳးမွာ စတင္အသံုးျပဳသြားဖြယ္ရိွတယ္လို႔ Samsung Electronics ရဲ႕ memory sales & marketing စီနီယာဒုဥကၠ႒ Sewon Chun က ေျပာၾကားခဲ့ပါတယ္။

Ref: GizmoChina

-ေနာင္ေနာင္

[Unicode]

စမတ်ဖုန်းစျေးကွက်မှာ ဦးဆောင်သူဖြစ်ဖို့ ရည်မှန်းထားတဲ့ Samsung ဟာ စျေးကွက်ရဲ့ ပထမဆုံး ဒုတိယမျိုးဆက် 10-nanometer-class LPDDR4X (Low Power, Double Data Rate, 4X) DRAM ကို အလုံးအရင်းနဲ့ စတင်ထုတ်လုပ်နေပြီလို့ ကြေညာခဲ့ပါတယ်။

အဲ့ဒီ ချစ်ပ်တွေဟာ ဒီနေ့ခေတ် တန်ဖိုးကြီး စမတ်ဖုန်းတွေနဲ့ အခြား မိုဘိုင်း application တွေရဲ့ စွမ်းအင်သုံးစွဲမှုကို ပိုမိုသက်သာစေမှာဖြစ်ပါတယ်။ အဆိုပါ ဒုတိယမျိုးဆက် LPDDR4X DRAM ဟာ လက်ရှိ flagship မိုဘိုင်းထုတ်ကုန်တွေမှာ အသုံးပြုနေတဲ့ ပထမမျိုးဆက် mobile DRAM memory ချစ်ပ်တွေအတိုင်း အချက်အလက် လွှဲပြောင်းနှုန်း 4,266 megabits per second (Mb/s) ကို ဆက်လက်ထိန်းသိမ်းထားပေမယ့် စွမ်းအင်သုံးစွဲမှုကို ၁၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

အဆိုပါ ချစ်ပ်သစ်ဟာ ၂၀၁၆ စက်တင်ဘာလက အလုံးအရင်းနဲ့ထုတ်လုပ်ခဲ့တဲ့ ဆီလီကွန်ချစ်ပ်တွေထက် ၂၀ ရာခိုင်နှုန်း ပိုမိုပါးလွှာတယ်လို့လည်း ဆိုပါတယ်။

အဲ့ဒီ ချစ်ပ်တွေကို Galaxy S10 မော်ဒယ်သုံးမျိုးမှာ စတင်အသုံးပြုသွားဖွယ်ရှိတယ်လို့ Samsung Electronics ရဲ့ memory sales & marketing စီနီယာဒုဥက္ကဋ္ဌ Sewon Chun က ပြောကြားခဲ့ပါတယ်။

Ref: GizmoChina

-နောင်နောင်