အလုံၿမိဳ႕နယ္ရွိ အေျခခံပညာ အထက္တန္းေက်ာင္းအခ်ိဳ႕တြင္ ေက်ာင္းသား ဦးေရ မျပည့္မီေသာ ေက်ာင္းမ်ားစုေပါင္းၿပီး တစ္စုတစ္စည္းတည္း ဖြင့္လွစ္ေပးမည္

[ Zawgyi ]

အလုံၿမိဳ႕နယ္အတြင္း ရွိအေျခခံပညာ အထက္တန္းေက်ာင္းအခ်ိဳ႕တြင္ ေက်ာင္းသား ဦးေရ မျပည့္မီေသာ ေက်ာင္းမ်ားစုေပါင္းၿပီး တစ္စုတစ္စည္းတည္း ဖြင့္လွစ္ေပးသြားမယ္လုိ႔ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးမွ သိရပါတယ္။

” လုပ္ထုံး လုပ္နည္းေတြနဲ႔ အညီ Sanction မ်ားကို ႐ုပ္သိမ္းၿပီး တက္ေရာက္ေနတဲ့ ေက်ာင္းသား/သူေတြကို ၎တို႔၏ အနီးဆုံး အေျခခံေက်ာင္းေတြမွာ School Catchment Area အလုိက္ တက္ေရာက္ရန္ စီစဥ္ေဆာင္႐ြက္ သြားမည္ျဖစ္ၿပီး ဆရာ/ဆရာမမ်ားႏွင့္ သင္ၾကားေရး မဟုတ္သည့္ ဝန္ထမ္းမ်ားကိုလည္း ဖြဲ႔စည္းပုံအရ အလုံၿမိဳ႕နယ္ႏွင့္နီးစပ္သည့္ၿမိဳ႕နယ္မ်ား၏ လစ္လပ္သည့္ ေနရာမ်ားတြင္ ဦးစားေပးတာဝန္ခ်ထား ေဆာင္႐ြက္သြားမည္ ျဖစ္ပါတယ္ ” လုိ႔ ပညာေရး ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက အစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။

က်န္ရွိေနေသာ ေက်ာင္းအေဆာက္အဦမ်ားကိုလည္း ဝန္ႀကီးဌာနအေနနဲ႔ လိုအပ္သလို အက်ိဳးရွိစြာ အသုံးျပဳႏိုင္ေရးအတြက္ သတ္မွတ္လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ဆက္လက္စီစဥ္ ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း ဇြန္လ ၁၈ ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ဦးရဲလြင္က အလုံမဲဆႏၵနယ္မွ အလုံၿမိဳ႕နယ္ အတြင္းရွိ အေျခခံပညာ အထက္တန္းေက်ာင္း အခ်ိဳ႕တြင္ ေက်ာင္းသားဦးေရ မျပည့္မီေသာ ေက်ာင္းမ်ားစုေပါင္းၿပီး တစ္စုတစ္စည္းတည္း ဖြင့္လွစ္ေပးရန္ အစီအစဥ္ရွိ၊ မရွိႏွင့္ စပ္လ်ဥ္း၍ ေမးျမန္းခဲ့တဲ့အေပၚ ျပန္လည္ေျဖၾကား ခဲ့ပါတယ္။

-သႏၲာ

[ Unicode ]

အလုံမြို့နယ်အတွင်း ရှိအခြေခံပညာ အထက်တန်းကျောင်းအချို့တွင် ကျောင်းသား ဦးရေ မပြည့်မီသော ကျောင်းများစုပေါင်းပြီး တစ်စုတစ်စည်းတည်း ဖွင့်လှစ်ပေးသွားမယ်လို့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှ သိရပါတယ်။

” လုပ်ထုံး လုပ်နည်းတွေနဲ့ အညီ Sanction များကို ရုပ်သိမ်းပြီး တက်ရောက်နေတဲ့ ကျောင်းသား/သူတွေကို ၎င်းတို့၏ အနီးဆုံး အခြေခံကျောင်းတွေမှာ School Catchment Area အလိုက် တက်ရောက်ရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ဆရာ/ဆရာမများနှင့် သင်ကြားရေး မဟုတ်သည့် ဝန်ထမ်းများကိုလည်း ဖွဲ့စည်းပုံအရ အလုံမြို့နယ်နှင့်နီးစပ်သည့်မြို့နယ်များ၏ လစ်လပ်သည့် နေရာများတွင် ဦးစားပေးတာဝန်ချထား ဆောင်ရွက်သွားမည် ဖြစ်ပါတယ် ” လို့ ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ကျန်ရှိနေသော ကျောင်းအဆောက်အဦများကိုလည်း ဝန်ကြီးဌာနအနေနဲ့ လိုအပ်သလို အကျိုးရှိစွာ အသုံးပြုနိုင်ရေးအတွက် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်စီစဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးရဲလွင်က အလုံမဲဆန္ဒနယ်မှ အလုံမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း အချို့တွင် ကျောင်းသားဦးရေ မပြည့်မီသော ကျောင်းများစုပေါင်းပြီး တစ်စုတစ်စည်းတည်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့တဲ့အပေါ် ပြန်လည်ဖြေကြား ခဲ့ပါတယ်။

-သန္တာ