
COVID-19 ကူးစက်ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း အိမ်ကနေ အလုပ်လုပ်သူတွေက Windwos ဒါမှမဟုတ် macOS တို့နဲ့ အလုပ်လုပ်တဲ့အခါ ပိုမို လွယ်ကူစေမယ့် ဝန်ဆောင်မှုတွေ ရှိပါတယ်။ အခုဖော်ပြပေးမယ့် platform တွေက အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပါမယ်။ အခုဝန်ဆောင်မှုတွေက Progressive Web Apps (PWAs) လို့လည်း ခေါ်ပြီး application နဲ့ဝက်ဘ်ဆိုက်အကြားကို ပေါင်းကူးပေးထားတဲ့ ပုံစံဖြစ်ပါတယ်။ Chrome OS မှာဆိုရင် ပရိုဂရမ်တွေအဖြစ် အသုံးချနိုင်ပြီး offline ထောက်ပံ့မှု ပါဝင်လာပါတယ်။ Android ဒါမှမဟုတ် iOS မှာလည်း အသုံးပြုနိုင်ပြီး Chrome ဒါမှမဟုတ် Firefox မှာ “Add to home screen” ဆိုပြီး tap လုပ်ကာ app အဖြစ် အသုံးပြုနိုင်ပါတယ်။
Google Drive
Google Drive ကလည်း ဒီနှစ်က စတင်ပြီး YouTube Music နဲ့ Google Photos လိုမျိုး desktop shortcut ဖန်တီးခွင့် ပြုလိုက်ပါတယ်။ Drive ကလည်း browser window အတွေ့အကြုံပေးနိုင်တဲ့ ဝန်ဆောင်မှု ဖြစ်ပါတယ်။ စာရွက်စာတမ်းတွေ တည်းဖြတ်နိုင်ပြီး ပုံမှန် tab တွေပါဝင်လာပါတယ်။
SimpleNote
SimpleNote ကတော့ သွားလေရာမှာ မှတ်စုတွေထုတ်နိုင်တဲ့ app ဖြစ်ပါတယ်။ Google Keep ထက် space နဲ့ format option တွေများပြားပါတယ်။
Firefox Send
လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် ဖောက်သည်တွေဆီ ဖိုင်ပို့မယ်ဆိုရင် Firefox Send က အလုံခြုံဆုံး ဖြေရှင်းမှု ဖြစ်ပါတယ်။ သုံးစွဲသူက log in ဝင်စရာမလိုဘဲ 1GB ပမာဏရှိတဲ့ ဖိုင်ကို ပို့နိုင်ကာ account ဖန်တီးပြီးရင်တော့ 2.5GB ပမာဏရှိတဲ့ဖိုင်တွေပို့နိုင်ပါတယ်။
Snapdrop
Snapdrop ကတော့ Chromebook ကဖိုင်ကို ကွန်ရက်တစ်ခုအတွင်းက အခြားထုတ်ကုန်ဆီ ဒါမှမဟုတ် ဖုန်းဆီပေးပို့ဖို့ အသုံးပြုနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဖိုင်ကို ပို့မယ့်ထုတ်ကုန်နဲ့ လက်ခံမယ့်စက်က PWA ကိုဖွင့်ထားဖို့ လိုပြီး အပြန်အလှန်တွေ့ရဖို့ လိုပါတယ်။ ပြီးရင်တော့ ဖိုင်ကို drag and drop လုပ်နိုင်ပါတယ်။
5217
အိမ်ကနေ အလုပ်လုပ်သူတွေ လိုအပ်တဲ့ app ဖြစ်ပါတယ်။ 5217 ဟာ စိတ်မပျံ့လွင့်ဘဲ ၅၂ မိနစ် တိုင်တိုင် အလုပ်ကို အာရုံစိုက်လုပ်ကိုင်အောင် အကူအညီပေးနိုင်တဲ့ timer ဖြစ်ပါတယ်။ ပြီးရင်တော့ ၁၇ မိနစ်အထိ အနားယူဖို့ ခွင့်ပြုထားပါတယ်။
SoundDrown
အိမ်မှာနေထိုင်တဲ့အခါ ကလေးတွေ၊ မိသားစုဝင်တွေ၊ အိမ်နီးချင်းက ဆူညံသံတွေကြောင့် အာရုံစူးစိုက်လို့မရတာနဲ့ ကြုံရနိုင်ပါတယ်။ သုံးစွဲသူက SoundDrown ကိုအသုံးပြုပြီး ဆူညံသံတွေကို ရှောင်ရှားနိုင်ပါတယ်။ SoundDrown မှာ အသံနိမ့်အမျိုးမျိုးပါဝင်တဲ့ white noise အသံ၄မျိုးပါဝင်လာပါတယ်။ အဲဒီအသံတွေကို နားကြပ်နဲ့ နားထောင်ပြီး စိတ်တည်ငြိမ်အောင် လုပ်နိုင်ကာ ပြင်ပဆူညံသံတွေကို ရှောင်ရှားနိုင်ပါတယ်။ အသံတွေကိုလည်း နှစ်သက်သလို ပေါင်းစပ်နိုင်ပါတယ်။
Redberry
Redberry ကတော့ လုပ်စရာစာရင်းတွေ မှတ်ထားနိုင်တဲ့ app ဖြစ်ပြီး ပိုမိုရိုးရှင်းပါတယ်။ အခု app ကို account မလိုဘဲ အသုံးပြုနိုင်ပေမယ့် အခြားထုတ်ကုန်တွေနဲ့ sync လုပ်မယ်ဆိုရင် account ဖွင့်ရပါမယ်။
The Weekr
The Weekr ကတော့ လုပ်စရာအလုပ်တွေကို အချိန်နဲ့တစ်ပြေးညီ သတိပေးသွားနိုင်ပါတယ်။ သုံးစွဲသူက လုပ်စရာလုပ်တွေကို ရက်သတ္တပတ်အလိုက် ရက်တွေ ဒါမှမဟုတ် ရက်စွဲအောက်မှာ checkpoint တွေ ဖန်တီးတာနဲ့ panel မှာ to-do ဆိုပြီး ထည့်ထားနိုင်ပါတယ်။
Photopea
Chromebook ပေါ်မှာ ဓာတ်ပုံတည်းဖြတ်မယ် ဆိုရင်တော့ Photopea ကိုအသုံးပြုသင့်ပါတယ်။ ဒါ့အပြင် Photoshop အစား ပြောင်းလဲပြီး အခမဲ့ အသုံးပြုဖို့ Photopea ကိုလည်း အသုံးပြုကြပါတယ်။ Photopea မှာ အခြေခံ tool တွေပါဝင်ပြီး Photoshop ဖိုင်တွေဖွင့်နိုင်သလို လုပ်ဖော်ကိုင်ဖက်ဆီကိုလည်း project တွေပို့နိုင်ပါတယ်။
PhotoStack
PhotoStack ဟာ ဓာတ်ပုံတွေမှာ ရေစာတွေထည့်တာ ဒါမှမဟုတ် အရည်အသွေးနဲ့ ဖိုင် format တွေပြောင်းလဲနိုင်တဲ့ tool ဖြစ်ပါတယ်။ သုံးစွဲသူက PhotoStack မှာ ကင်မရာအမျိုးအစားနဲ့ GPS အချက်အလက်ကို ခြေရာမခံနိုင်အောင် EXIF data ကိုဖျက်နိုင်ပါတယ်။
စိုးထက်
Ref: AndroidPolice