အလုပ်ရှာဖွေရာမှာ ပိုမိုအထောက်အကူဖြစ်စေမယ့် စစ်ဆေးမှုတွေကို LinkedIn ထည့်သွင်း

အလုပ်ရှာဖွေမှုအတွက် အသုံးပြုနိုင်တဲ့ LinkedIn လူမှုကွန်ရက်မှာ အလုပ်အကိုင်ရှာဖွေမှုအတွက် ပိုမိုကောင်းမွန်တဲ့ tool တွေကို သုံးစွဲသူအပေါ် ထောက်ပံ့ပေးခဲ့ပါတယ်။

အဲဒီ tool တွေက အလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းစဉ်အပေါ် ထိရောက်မှုရှိအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။ LinkedIn မှာပါဝင်လာတဲ့ feature သစ်ကတော့ Skills Assessment ဖြစ်ပြီး တိုတောင်းပြီး ၂ ခုထက်မနည်း ရွေးချယ်ရတဲ့ စမ်းသပ်မှုတွေပါဝင်ကာ ကွန်ပျူတာ language တွေ၊ software package တွေနဲ့ အခြားအလုပ်နဲ့ သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေလိုမျိုး ဧရိယာတွေအတွင်း အတည်ပြုပေးနိုင် ပါတယ်။

အဲဒီ feature ကို တစ်ကမ္ဘာလုံးသို့ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ အစောပိုင်း skills assessment ကန့်သတ်စမ်းသပ်မှုမှာ စမ်းသပ်မှုပေါင်း ၂ သန်းရှိတယ်လို့ သိရပါတယ်။ ပထမဆုံး အင်္ဂလိပ် ဘာသာစကားစမ်းသပ်မှုကို ကျွမ်းကျင်မှု ၇၅ မျိုးမှာ အသုံးပြုခဲ့တယ်လို့ LinkedIn ရဲ့ပင်ကိုစွမ်းရည်ဖြေရှင်းမှုဌာနအတွင်းက ထုတ်ကုန်မန်နေဂျာ အီမရီချန်ဒိုဂန်က ပြောခဲ့ပါတယ်။ အခု feature အတွက် အစီအစဉ်က လာမယ့်အနာဂတ်အတွင်း အားတက်သရော တိုးချဲ့သွားမှာ ဖြစ်ပြီး မတူညီတဲ့ဘာသာစကားတွေနဲ့ စမ်းသပ်မှုတွေထည့်သွင်းဖို့ ရှိပါတယ်။

စိုးထက်
Ref: TechCrunch