အလိုအလျောက် ဖျက်ပစ်နိုင်တဲ့ message တွေကို WhatsApp မိတ်ဆက်နိုင်

WhatsApp ဟာ Snapchat မှာလိုမျိုး အလိုအလျောက် ဖျက်ပေးနိုင်တဲ့ message တွေကို စမ်းသပ်ဖို့ရှိနေပါတယ်။

Facebook ကပိုင်ဆိုင်တဲ့ WhatsApp ရဲ့နောက်ဆုံး beta ဗားရှင်း (2.20.83/2.20.84) မှာ တစ်ကိုယ်ရေ chat တွေ အတွက် “Delete messages” ဆိုတာ ပါဝင်လာပါတယ်။ အရင် beta ဗားရှင်းတွေတုန်းက group chat တွေ အတွက် အလားတူ setting တစ်ခု ပါဝင်လာပေမယ့် တစ်ကိုယ်ရေစကားပြောဆိုမှုထဲ တိုးချဲ့ထည့်သွင်းပေးထးတာ ဖြစ်ပါတယ်။

WhatsApp အတွင်းက လူတစ်ယောက်ရဲ့ profile ကိုဖွင့်လိုက်ရင် “Encryption” အပေါ်ဘက်မှာ option အသစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ option ကိုနှိပ်လိုက်ရင် pop-up တစ်ခုပေါ်လာပြီး message ကို အလိုအလျောက်ဖျက်မယ့် အချိန်အတိုင်းအတာကို သတ်မှတ်နိုင်ပါတယ်။ လက်ရှိမှာတော့ ၁ နာရီကနေ ၁ နှစ် အထိ သတ်မှတ်ထားနိုင်ပါတယ်။

Option ကိုဖွင့်လိုက်တာနဲ့ message ကိုဖျက်ဖို့ ဘေးနားမှာ နာရီ icon ပုံစံတစ်ခု တွေ့ရမှာပါ။ အလားတူ feaure တွေကို Telegram နဲ့ Facebook ကပိုင်ဆိုင်တဲ့ Messenger မှာတွေ့နိုင်ပါတယ်။

စိုးထက်
Ref: AndroidCentral