
[ Zawgyi ]




-အောင်သက်ကို

================

[ Unicode ]

အလတ်စားလုပ်ငန်းများအတွက် Cloud နည်းပညာအခြေခံ SAP Business By Design Solution မိတ်ဆက်

================

လုပ်ငန်းသုံးဒေတာအချက်အလက်တွေကိုသိမ်းဆည်းနိုင်မယ့် Cloud နည်းပညာအခြခံ SAP Business By Design Solution ကို မေလ ၁၈ရက်နေ့က Melia ဟော်တယ်မှာမိတ်ဆက်ခဲ့ပါတယ်။

ERP Software တစ်ခုဖြစ်တဲ့ SAP Business By Design ဟာ အသေးစားနဲ့ အလတ်စားလုပ် ငန်းတွေအတွက် IT နည်းပညာဆိုင် အခြေခံအဆောက်အဦ တွေမပါစေဘဲ အသုံးပြုနိုင်တဲ့ Cloud- Based, Software as a Service (SaaS) Solution ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ Solution ကို SAP ကကျွမ်းကျင်ပညာရှင် တွေရဲ့ထိန်းသိမ်းမှုပြုလုပ်ထားပြီး Data Center တွေမှာသိမ်းဆည်းထား ကြောင်း သိရပါတယ်။ အဲ့ဒီဆော့ဖ်ဝဲလ်ဟာ အလိုအလျောက်လုပ်ဆောင်နိုင်တဲ့ Tool တွေ၊ အသင့်အ သုံးပြုနိုင်တဲ့ Function တွေ သာမကလုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ Solution တစ်ခု ဖြစ်တာကြောင့် ငွေကြေးစီးဆင်းမှုနဲ့ လုပ်ငန်း လုပ်ဆောင်ချက်တွေကို လျှင်မြန်စွာတစ်နေရာထဲမှာ ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီ Sloution ကို SAP နဲ့ Vanguard Myanmar ကုမ္ပဏီက ပူးပေါင်းပြီးတော့ ပြည်တွင်းမှာဝန်ဆောင်မှု ပေးမှာဖြစ်ကြောင်း သိရပါတယ်။

-အောင်သက်ကို