အရှေ့တောင်အာရှ၏ အကြီးဆုံး PUBG MOBILE ဂိမ်းပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု Yangon Galacticos အသင်းသွားရောက်ယှဉ်ပြိုင်မည်

အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ တန်ဖိုးရှိတဲ့ ဆုကြေးငွေများ ပေးအပ်သွားမည့် ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Yangon Galacticos က အရှေ့တောင်အာရှမှ အကောင်းဆုံး အသင်းတွေနဲ့ သွားရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ရဲ့ Head of Gaming Operations ဖြစ်သူ Mr. Andrew က “Esports ဟာ အခုလို Social Distance လုပ်ဖို့ လိုအပ်တဲ့ အချိန်မျိုးမှာ ပိုပြီးအဆင်ပြေစေတဲ့ ထွက်ပေါက်အခြေအနေတစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့ PMPL SEA Finals မှာ မြန်မာအသင်း ပါဝင်လာတဲ့အတွက် အရမ်းပဲ ဂုဏ်ယူပါတယ်။ ပြီးတော့ အရှေ့တောင်အာရှမှာရှိတဲ့ အကောင်းဆုံးအသင်း ၁၆ သင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာအသင်း Yangon Galacticos ကို အားပေးကြဖို့ လူတိုင်းကို ဖိတ်ခေါ်ချင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

အဆိုပါ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကို ယခင်က Offline ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေတဲ့ COVID-19 အခြေအနေကြောင့် PUBG MOBILE ကစားသမားတွေနဲ့ ပရိသတ်တွေရဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အွန်လိုင်း သီးသန့်ပြိုင်ပွဲအဖြစ်သာ ပြောင်းလဲကျင်းပသွားမှာဖြစ်ကြောင်း၊ PMPL SEA Finals Season 1 ကို လာမယ့် မလ ၁ ရက်မှ ၃ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာအသင်းဖြစ်တဲ့ Yangon Galacticos လည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုတွေကို PUBG MOBILE (MM) Facebook Page ဒီနေရာ မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။

-အောင်သူ

အင်တာနက်ဂျာနယ်ရဲ့ သတင်းတွေကို ဖတ်ရတာပျင်းနေလို့ အသံနဲ့ပဲနားထောင်ချင်တယ်ဆိုရင်တော့ ဒီနေရာ ကနေ နားဆင်နိုင်တယ်နော်…