အရွယ်အစား သေးငယ်ကျစ်လျစ်တဲ့ Android ဖုန်းများ

နှစ်အနည်းငယ်အတွင်း သမားရိုးကျပုံစံတွေက အရွယ်ကြီးမားတဲ့ဖုန်းတွေ ထွက်လာပါတယ်။ အရေးပါတဲ့ဖုန်းအများစု အရွယ်အစားကတော့ ကြီးမားကြပါတယ်။ အဲဒီဖုန်းတွေက ရုပ်ရှင်ကြည့်တာနဲ့ ဂိမ်းကစားတာ ကောင်းမွန်ကြပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာ အရွယ်သေးငယ်ပြီး ကျစ်လျစ်တဲ့ဖုန်းတွေ ပိုမို ရှားပါးလာပါတယ်။ အရွယ်သေးငယ်ပြီး ကျစ်လျစ်တဲ့ဖုန်း ဝယ်ယူချင်သူတွေအတွက် အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

Google Pixel 4a

Google Pixel 4a ကတော့ အကောင်းဆုံး Android ဖုန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ နည်းပညာအရ အကောင်းဆုံးဖုန်း မဟုတ်ပေမယ့်လည်း ဈေးနှုန်းသင့်တင့်ပါတယ်။

အခြား Pixel ဖုန်းတွေလိုပဲ Pixel 4a က ဓာတ်ပုံပိုင်း အလွန်ကောင်းမွန်ပါတယ်။ Astrophotography Mode အသုံးပြုပြီး ညကောင်းကင်ဓာတ်ပုံတွေ ရိုက်ကူးတာလည်း လုပ်နိုင်ပါတယ်။ ရုပ်ပုံအရည်အသွေးက ကြွရွပြီး အရောင်စုံပါတယ်။

Pixel 4a မျက်နှာပြင် ၅.၈ လက်မ ဖြစ်တဲ့အတွက် လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ်အသုံးပြုနိုင်ပါတယ်။ OLED pane နဲ့အတူ Full HD+ ရုပ်ထွက်အရည်အသွေး အသုံးပြုထားပါတယ်။ Snapdragon 730 ပရိုဆက်ဆာကို အသုံးပြုထားပါတယ်။

Google Pixel 5

Pixel 5 ကတော့ ပရီမီယံဖုန်း ဖြစ်ပါတယ်။ Pixel 5 ဖုန်းမှာတော့ Full HD+ OLED ပါဝင်ပြီး 90Hz refresh rate အသုံးပြုထားပါတယ်။ ပိုမိုမြန်ဆန်တဲ့ Snapdragon 765G ပရိုဆက်ဆာ ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်က ၆ လက်မ ဖြစ်ပြီး ဘေးဘောင်က သေးငယ်ပါတယ်။ Pixel 4a နဲ့လည်း ဆင်ပါတယ်။

Pixel 5 မှာ 16MP ultra-wide ကင်မရာပါဝင်ပြီး Pixel 4a က 12.2MP ကင်မရာကိုလည်း ထည့်ထားပါသေးတယ်။

Samsung Galaxy S10e

Samsung ရဲ့ Galaxy S10e ကတော့ ကျစ်လျစ်မှုရှိပါတယ်။ မျက်နှာပြင်က ၅.၈ျလက်မဖြစ်ပြီး AMOLED မျက်နှာပြင်မှာ Full HD+ ရုပ်ထွက်အရည်အသွေး ပါဝင်လာပါတယ်။ မျက်နှာပြင် refresh rate ကတော့ 60Hz ပဲဖြစ်ပေမယ့် မျက်စိအေးပါတယ်။ ဘေးဘောင်ကလည်း သေးငယ်ပါတယ်။

ဒါ့အပြင် ကျောဘက်ကင်မရာ ၂ လုံးနဲ့ တိုးချဲ့နိုင်တဲ့ storage တို့ပါဝင်သလို 3.5mm နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။

Nokia 7.1

Nokia 7.1 ကတော့ အသစ်ဆုံး Android ဖုန်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း မျက်နှာပြင်သေးငယ်ပါတယ်။ မျက်နှာပြင် ၅.၈၄ လက်မရှိပြီး chin ကကြီးမားသလို ထိပ်မှာ notch လည်းပါဝင်လာပါတယ်။ LCD panel အသုံးပြုထားပေမယ့် ရုပ်ထွက်အရည်အသွေးက 2280x 1080 ဖြစ်ပါတယ်။ Nokia 7.1 မှာ HDR ပါဝင်သလို SDR ကို HDR ပြောင်းပေးတာကြောင့် ရုပ်ထွက်အရည်အသွေးကတော့ ပူစရာမလိုပါဘူး။

Nokia 5.1 Plus

နောက် Nokia ဖုန်းကတော့ Nokia 5.1 Plus ဖြစ်ပါတယ်။ ဈေးနှုန်းသင့်တင်တဲ့ ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင်က ၅.၈၆ လက်မ ဖြစ်ပေမယ့် သုံးစွဲရတာ လွယ်ကူပါတယ်။ ဖုန်းမှာ တိုးချဲ့နိုင်တဲ့ storage ပါဝင်ပြီး နားကြပ်ပေါက်လည်း ပါဝင်လာပါတယ်။ ကျောဘက်မှာ ကင်မရာ ၂ လုံးနဲ့ fingerprint sensor လည်း ပါဝင်လာပါတယ်။

Nokia 1.3

Nokia 1.3 ကတော့ ဈေးသက်သာစွာနဲ့ ဝယ်နိုင်မယ့် ဖုန်းတစ်မျိုးဖြစ်ပါတယ်။ ဖုန်းကတော့ အခြေခံ spec တွေပဲ အသုံးပြုထားပါတယ်။ Qualcomm Snapragon 215 ပရိုဆက်ဆာနဲ့ 16GB storage အပြင် ကျောဘက်ကင်မရာ 8GB နဲ့ ဘက်ထရီ 3,000mAh ဖြစ်ပါတယ်။ မျက်နှာပြင် ၅.၇၁ လက်မ ဖြစ်တဲ့အတွက် သေးငယ်ပါတယ်။ ရုပ်ထွက်ကတော့ 1520x 720 ဖြစ်ပါတယ်။

-စိုးထက်
Ref: AndroidCentral

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««