အရွယ်အစားအလွန်သေးငယ်တဲ့ Sega Game Gear Micro

မနှစ်က Sega ဟာ နာမည်ကျော် Genesis Mini ဂိမ်းစက်ကို ပြန်လည် ဖြန့်ချိခဲ့ပါတယ်။ အခုဆိုရင်လည်း အရွယ်အစား ပိုမိုသေးငယ်တဲ့ Sega Game Gear Micro ဂိမ်းစက်ကို ဖြန့်ချိလိုက်ပါတယ်။ Sega အနေနဲ့ ဂိမ်းစက် ၄ မျိုးကို Twitter ကနေ ပြသခဲ့တယ်။

ဂိမ်းစက်တစ်ခုစီတိုင်းမှာ နာမည်ကျော် classic ဂိမ်းတွေဖြစ်တဲ့ Sonic, OutRun, Shining Force, Puyo Puyotsu နဲ့ Megami Tensei လိုမျိုး ဂိမ်းပါဝင်လာပါတယ်။ Game Gear ရဲ့နှစ် (၃၀) ပြည့် အထိမ်းအမှတ်နဲ့ Sega ရဲ့နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

ဂိမ်းစက်မျက်နှာပြင်က ၁.၁၅ လက်မပဲ ရှိပြီး ရုပ်ထွက်အရည်အသွေး (240x 180pixels) AAA အရွယ် ဓာတ်ခဲ ဒါမှမဟုတ် micro-USB prot နဲ့ ထောက်ပံ့ထားပါတယ်။ ကိုယ်ထည်က မူလအရွယ်အစားထက် ၄၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ Game Gear Micro က Amazon ဂျပန်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဂိမ်းစက်အရောင် တစ်မျိုးစီမှာ ပါတဲ့ ဂိမ်းတွေက မတူညီပါဘူး။ Sega Game Gear Micro ကို ဒေါ်လာ ၅၀ နဲ့ အောက်တိုဘာ ၁၀ ရက်မှာ စတင်ရောင်းချပါမယ်။

ဂိမ်းစက်တစ်စုံလုံးကို ဝယ်ယူမယ်ဆိုရင်တော့ ဒေါ်လာ ၂၆၀ ကျသင့်ပါမယ်။ ဒါ့အပြင် Sega က ဂိမ်းစက်မှာ ဂိမ်းတွေ ရှင်းလင်းစွာ ကစားနိုင်ဖို့ Big Windows lens ကိုလည်း ထုတ်လုပ်ထားပါသေးတယ်။

စိုးထက်
Ref: CNET