အရွယ်အစားကြီးတဲ့ Honor ရဲ့ Band 6

Honor ကတော့ မျက်နှာပြင် ၁.၄၇ လက်မရှိတဲ့ Band 6 fitness tracker ကို မိတ်ဆက်လိုက်ပါတယ်။ သီးခြားကုမ္ပဏီတစ်ခု ဖြစ်လာတဲ့ Honor ကတော့ အခြားစမတ်နာရီတွေနဲ့ ယှဉ်ပြိုင်သွားပါတော့မယ်။

Honor Band 6 မှာတော့ နှလုံးခုန်နှုန်းနဲ့ သွေးအောက်ဆီဂျင်တိုင်းတာပေးမယ့် sensor တွေပါဝင်ပါတယ်။ ဒါ့အပြင် အိပ်စက်မှု၊ stress နဲ့ အမျိုးသမီး ရာသီစက်ဝန်းတွေကို ခြေရာခံပေးပါတယ်။ အခုထုတ်ကုန်မှာ‌တော့ လေ့ကျင့်ခန်း mode ၁၀ ခု ပါဝင်လာပါတယ်။ အခြား fitness tracker တွေလိုပဲ Honor Band 6 ဟာ ၁၄ ရက်အထိ အသုံးပြုနိုင်ပြီး ရေအောက် 5ATM အထိ စိမ်နိုင်တာကြောင့် ရေကူးသူတွေအတွက် သင့်တော်ပါတယ်။

Honor အနေနဲ့ Band 6 ကိုတော့ မကြာခင် ရောင်းချမယ်လို့ ပြောထားပြီး ၃၅ ဒေါ်လာနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««