အရွယ်ကြီးမားတဲ့မျက်နှာပြင်နဲ့ Smart Connector ပါဝင်လာတဲ့ iPad မော်ဒယ်သစ်

Apple ဟာ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ သတ္တမမြောက်မျိုးဆက် iPad မော်ဒယ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခု iPad ဟာစျေးနှုန်းသက်သာတဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ သတ္တမမြောက်မျိုးဆက် iPad မော်ဒယ်သစ်က ၂၀၁၈ ခုနှစ် မတ်လအတွင်း မိတ်ဆက်ခဲ့တဲ့ ဒေါ်လာ ၃၂၉ iPad နေရာဆက်ခံမှာ ဖြစ်ပါတယ်။ ဒေါ်လာ ၃၂၉ တန်ဖိုးရှိ မျက်နှာပြင် ၉.၇ လက်မနဲ့ iPad ကို ဝယ်ယူသူ ၆ဝ ရာခိုင်နှုန်းရှိပါတယ်။

iPad သစ်ကတော့ မျက်နှာပြင် ပိုမို ကြီးမားလာပြီး ၁၀.၂ လက်မ Retina Display နဲ့အတူ pixel ၃.၅ သန်းနီးပါး ပါဝင်လာပါတယ်။ A10 Fusion ချစ်ပ်ကိုလည်း ထည့်သွင်းထားပြီး ၃၂၉ ဒေါ်လာနဲ့ပဲ ရောင်းချမှာ ဖြစ်ပါတယ်။ သင်ထောက်ကူအဖြစ် အသုံးပြုမယ့်သူတွေကိုတော့ ၂၉၉ ဒေါ်လာနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ iPad မော်ဒယ်သစ်ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး စက်တင်ဘာ ၃၀ မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

iPad မော်ဒယ်မှာ Apple Pencil ထောက်ပံ့မှုနဲ့ Smart Connector ပါဝင်လာတဲ့အတွက် Apple ရဲ့ Smart Keyboard နဲ့ချိတ်ဆက်နိုင်ပါတယ်။ iPad မော်ဒယ်ရဲ့ အလေးချိန်က တစ်ပေါင်ခန့်ရှိကာ case ကိုတော့ ပြန်လည်သန့်စင်ပြီး အလူမီနီယမ် ၁၀၀ ရာခိုင်နှုန်းနဲ့ ပြုလုပ်ထားပါတယ်။ iPadOS ကိုအသုံးပြုထားတဲ့အတွက် multitasking ပိုကောင်းမွန်လာသလို floating keyboard, Fiules app ထဲမှာ SD card အသုံးပြုနိုင်ပြီး Photos app မှာအဆင့်မြှင့်တင်ထားတဲ့ ဗီဒီယို editor လည်းပါဝင်လာပါတယ်။

iPad သစ်ကို ဝယ်ယူသူတွေအနေနဲ့ Apple TV+ ကို အခမဲ့ ၁ နှစ် အသုံးပြုနိုင်မှာဖြစ်ပါ တယ်။ ဂိမ်းအတွက် လစဉ်ကြေးပေးသွင်း ကစားနိုင်တဲ့ Apple Arcade ဝန်ဆောင်မှုကို ထောက်ပံ့ပေးထားပါတယ်။

iPad သစ်ကို ငွေ၊ မီးခိုးနဲ့ ရွှေရောင်တို့ ထုတ်လုပ်မှာဖြစ်ပြီး storage 32GB ဒါမှမဟုတ် 128GB ကိုဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ iPad မော်ဒယ်သစ်မှာ Wi-Fi နဲ့ ဆယ်လူလာအသုံးပြုနိုင်တဲ့ မော်ဒယ်ရှိပြီး အဲဒီထုတ်ကုန်ကိုတော့ ဒေါ်လာ ၄၅၉ နဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena