အရြယ္ႀကီးမားၿပီး စြမ္းေဆာင္ရည္ျမင့္မားတဲ့ Galaxy Note 9 ကို Samsung မိတ္ဆက္

[Zawgyi]

သတင္းေပါက္ၾကားမႈအခ်ိဳ႕ ထြက္ေပၚအၿပီးမွာ Samsung က Galaxy Note 9 ကို တရားဝင္ မိတ္ဆက္ေၾကညာခဲ့ပါတယ္။ Note 9 ကို အမွတ္တမဲ့ၾကည့္ရင္ Galaxy Note 8 ကို အနည္းငယ္ အဆင့္ျမွင့္တင္ထားတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းမွာေတာ့ အဓိပၸာယ္ရိွတဲ့ အဆင့္ျမွင့္တင္မႈအမ်ားအျပား ပါဝင္လာပါတယ္။

Galaxy Note 9 မွာ Note 8 ထက္ အနည္းငယ္ အရြယ္ပိုႀကီးတဲ့ ၆.၄ လက္မ screen နဲ႔ ၂၀ ရာခိုင္ႏႈန္း ပိုမိုႀကီးမားတဲ့ 4,000mAh ဘက္ထရီတို႔ ပါဝင္ပါတယ္။

Note 9 ရဲ႕ display ဟာ Galaxy Note 8 ထက္ ၀.၁ လက္မသာ ပိုႀကီးၿပီး 1440 x 2960px resolution ျဖစ္ပါတယ္။ Super AMOLED display ျဖစ္ၿပီး Always On Display ကို ေထာက္ပံ့ေပးထားပါတယ္။

Under display fingerprint scanner မပါဝင္ဘဲ ေက်ာဘက္မွာ တပ္ဆင္ထားတဲ့ fingerprint scanner ကို ေက်ာဘက္ကင္မရာရဲ႕ ေအာက္ဘက္မွာ ေရႊ႕ေျပာင္းထားပါတယ္။

ေက်ာဘက္ကင္မရာက Galaxy S9+ ရဲ႕စနစ္နဲ႔ တူညီၿပီး 12MP dual-aperture f/1.5-2.4 wide နဲ႔ 12MP f/2.4 telephoto ကင္မရာေတြကို အသံုးျပဳထားပါတယ္။ ကင္မရာႏွစ္ခုစလံုးမွာ optical stabilization ပါဝင္ပါတယ္။ Selfie ကင္မရာကလည္း S9+ အတိုင္း 8MP f/1.7 ကို အသံုးျပဳထားပါတယ္။

Galaxy S9/S9+ တို႔နဲ႔ တူညီတဲ့ ေနာက္ထပ္အရာတစ္ခုက chipset ျဖစ္ၿပီး Exynos 9810 Octa ကို အသံုးျပဳထားပါတယ္။ Galaxy Note 9 ရဲ႕ ေရစိုခံအဆင့္က IP68 ျဖစ္ပါတယ္။

Note 9 မွာပါဝင္လာတဲ့ S Pen ဟာ Bluetooth နဲ႔သံုးႏိုင္တဲ့ ပထမဆံုး S Pen ျဖစ္ပါတယ္။ ဒီ S Pen ကို ကင္မရာအတြက္ remote shutter တစ္ခုအေနနဲ႔ သံုးႏိုင္ပါတယ္။ S Pen ကို ၁၀ မီတာ အကြာအေဝးကေန အသံုးျပဳႏိုင္ၿပီး ဘက္ထရီကို မိနစ္ ၃၀ ခန္႔ အသံုးျပဳႏိုင္ပါတယ္။ အားျပန္သြင္းတဲ့အခါမွာ စကၠန္႔ ၄၀ သာၾကာျမင့္ၿပီး ဖုန္းထဲကို ျပန္ထည့္႐ံုနဲ႔ အားျပန္သြင္းႏိုင္ပါတယ္။ ဒီ S Pen မွာ short press, long press နဲ႔ dobule press ဆိုၿပီး input သံုးမ်ိဳး ေထာက္ပံ့ေပးထားပါတယ္။

ဒါ့အျပင္ S Pen သစ္အတြက္ SDK တစ္ခုကိုလည္း Samsung က develper ေတြဆီ ျဖန္႔ခ်ိေပးသြားမယ္လို႔ ဆိုပါတယ္။

Samsung ဟာ Galaxy Note 9 ရဲ႕ DeX ကိုလည္း အဆင့္ျမွင့္တင္ခဲ့ပါတယ္။ DeX Dock နဲ႔ physical keyboard, mouse တို႔ မလိုအပ္ေတာ့ဘဲ Note 9 ကို USB-C to HDMI cable တစ္ခုတည္းနဲ႔ ခ်ိတ္ဆက္ၿပီး DeX mode နဲ႔သံုးႏိုင္ပါတယ္။ DeX mode နဲ႔သံုးတဲ့အခါ Galaxy Note 9 က အျပည့္အဝ အလုပ္လုပ္ႏိုင္သလို keyboard နဲ႔ trackpad အျဖစ္လည္း သံုးႏိုင္ပါတယ္။

ႀကီးမားတဲ့ ဘက္ထရီအတြက္ ေခတ္မမီေတာ့ Quick Charge 2.0 ကိုပဲ သံုးထားပါတယ္။ ဒါ့အျပင္ Fast Wireless Charging ကိုလည္း ေထာက္ပံ့ေပးထားပါတယ္။

Galaxy Note 9 ရဲ႕ base model က 6GB RAM နဲ႔ 128GB storage ျဖစ္ပါတယ္။ Storage မလံုေလာက္ဘူးဆိုရင္ microSD card slot ကေန တိုးျမွင့္သံုးစြဲႏုိင္ပါတယ္။ ဒါ့အျပင္ Note 9 ကို 8GB RAM နဲ႔ 512GB storage ဆိုၿပီးလည္း ရရိွႏိုင္ပါတယ္။

အေရာင္ေတြအေနနဲ႔ Ocean Blue, Midnight Black, Lavender Purple နဲ႔ Metallic Copper အေရာင္ေလးမ်ဳိးရွိၿပီး ျပည္တြင္းမွာေတာ့ Lavender Purple ကလြဲကာ က်န္တဲ့အေရာင္သုံးမ်ဳိးကို ဝယ္ယူရရွိႏုိင္မွာျဖစ္ပါတယ္။ တန္ဖိုးကေတာ့ 6GB/128GB အတြက္ ၁,၃၉၉,၀၀၀ က်ပ္ျဖစ္ပါတယ္။ 8GB/512GB အတြက္က ၁,၇၅၀,၀၀၀ က်ပ္ ျဖစ္ပါတယ္။

Pre Order မွာယူလိုသူေတြအေနနဲ႔ ၾသဂုတ္လ ၁၀ ရက္ေန႔က ေန ၂၂ ရက္ေန႔အထိမွာယူႏိုင္မွာျဖစ္ၿပီး ေငြက်ပ္ငါးေသာင္းေပးသြင္းကာ နီးစပ္ရာ Samsung ဖုန္းအေရာင္းဆိုင္ေတြမွာ မွာယူႏိုင္ပါတယ္။ Pre Order မွာယူထားသူေတြကို ၾသဂုတ္လ ၂၄ ရက္ေန႔မွာ ထုတ္ေပးသြားမယ္လို႔သိရပါတယ္။

[foogallery id=”90311″]

Ref: GSMArena

[Unicode]

သတင်းပေါက်ကြားမှုအချို့ ထွက်ပေါ်အပြီးမှာ Samsung က Galaxy Note 9 ကို တရားဝင် မိတ်ဆက်ကြေညာခဲ့ပါတယ်။ Note 9 ကို အမှတ်တမဲ့ကြည့်ရင် Galaxy Note 8 ကို အနည်းငယ် အဆင့်မြှင့်တင်ထားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ အဓိပ္ပာယ်ရှိတဲ့ အဆင့်မြှင့်တင်မှုအများအပြား ပါဝင်လာပါတယ်။

Galaxy Note 9 မှာ Note 8 ထက် အနည်းငယ် အရွယ်ပိုကြီးတဲ့ ၆.၄ လက်မ screen နဲ့ ၂၀ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 4,000mAh ဘက်ထရီတို့ ပါဝင်ပါတယ်။

Note 9 ရဲ့ display ဟာ Galaxy Note 8 ထက် ၀.၁ လက်မသာ ပိုကြီးပြီး 1440 x 2960px resolution ဖြစ်ပါတယ်။ Super AMOLED display ဖြစ်ပြီး Always On Display ကို ထောက်ပံ့ပေးထားပါတယ်။

Under display fingerprint scanner မပါဝင်ဘဲ ကျောဘက်မှာ တပ်ဆင်ထားတဲ့ fingerprint scanner ကို ကျောဘက်ကင်မရာရဲ့ အောက်ဘက်မှာ ရွှေ့ပြောင်းထားပါတယ်။

ကျောဘက်ကင်မရာက Galaxy S9+ ရဲ့စနစ်နဲ့ တူညီပြီး 12MP dual-aperture f/1.5-2.4 wide နဲ့ 12MP f/2.4 telephoto ကင်မရာတွေကို အသုံးပြုထားပါတယ်။ ကင်မရာနှစ်ခုစလုံးမှာ optical stabilization ပါဝင်ပါတယ်။ Selfie ကင်မရာကလည်း S9+ အတိုင်း 8MP f/1.7 ကို အသုံးပြုထားပါတယ်။

Galaxy S9/S9+ တို့နဲ့ တူညီတဲ့ နောက်ထပ်အရာတစ်ခုက chipset ဖြစ်ပြီး Exynos 9810 Octa ကို အသုံးပြုထားပါတယ်။ Galaxy Note 9 ရဲ့ ရေစိုခံအဆင့်က IP68 ဖြစ်ပါတယ်။

Note 9 မှာပါဝင်လာတဲ့ S Pen ဟာ Bluetooth နဲ့သုံးနိုင်တဲ့ ပထမဆုံး S Pen ဖြစ်ပါတယ်။ ဒီ S Pen ကို ကင်မရာအတွက် remote shutter တစ်ခုအနေနဲ့ သုံးနိုင်ပါတယ်။ S Pen ကို ၁၀ မီတာ အကွာအဝေးကနေ အသုံးပြုနိုင်ပြီး ဘက်ထရီကို မိနစ် ၃၀ ခန့် အသုံးပြုနိုင်ပါတယ်။ အားပြန်သွင်းတဲ့အခါမှာ စက္ကန့် ၄၀ သာကြာမြင့်ပြီး ဖုန်းထဲကို ပြန်ထည့်ရုံနဲ့ အားပြန်သွင်းနိုင်ပါတယ်။ ဒီ S Pen မှာ short press, long press နဲ့ dobule press ဆိုပြီး input သုံးမျိုး ထောက်ပံ့ပေးထားပါတယ်။

ဒါ့အပြင် S Pen သစ်အတွက် SDK တစ်ခုကိုလည်း Samsung က develper တွေဆီ ဖြန့်ချိပေးသွားမယ်လို့ ဆိုပါတယ်။

Samsung ဟာ Galaxy Note 9 ရဲ့ DeX ကိုလည်း အဆင့်မြှင့်တင်ခဲ့ပါတယ်။ DeX Dock နဲ့ physical keyboard, mouse တို့ မလိုအပ်တော့ဘဲ Note 9 ကို USB-C to HDMI cable တစ်ခုတည်းနဲ့ ချိတ်ဆက်ပြီး DeX mode နဲ့သုံးနိုင်ပါတယ်။ DeX mode နဲ့သုံးတဲ့အခါ Galaxy Note 9 က အပြည့်အဝ အလုပ်လုပ်နိုင်သလို keyboard နဲ့ trackpad အဖြစ်လည်း သုံးနိုင်ပါတယ်။

ကြီးမားတဲ့ ဘက်ထရီအတွက် ခေတ်မမီတော့ Quick Charge 2.0 ကိုပဲ သုံးထားပါတယ်။ ဒါ့အပြင် Fast Wireless Charging ကိုလည်း ထောက်ပံ့ပေးထားပါတယ်။

Galaxy Note 9 ရဲ့ base model က 6GB RAM နဲ့ 128GB storage ဖြစ်ပါတယ်။ Storage မလုံလောက်ဘူးဆိုရင် microSD card slot ကနေ တိုးမြှင့်သုံးစွဲနိုင်ပါတယ်။ ဒါ့အပြင် Note 9 ကို 8GB RAM နဲ့ 512GB storage ဆိုပြီးလည်း ရရှိနိုင်ပါတယ်။

အရောင်တွေအနေနဲ့ Ocean Blue, Midnight Black, Lavender Purple နဲ့ Metallic Copper အရောင်လေးမျိုးရှိပြီး ပြည်တွင်းမှာတော့ Lavender Purple ကလွဲကာ ကျန်တဲ့အရောင်သုံးမျိုးကို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ 6GB/128GB အတွက် ၁,၃၉၉,၀၀၀ ကျပ်ဖြစ်ပါတယ်။ 8GB/512GB အတွက်က ၁,၇၅၀,၀၀၀ ကျပ် ဖြစ်ပါတယ်။

Pre Order မှာယူလိုသူတွေအနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့က နေ ၂၂ ရက်နေ့အထိမှာယူနိုင်မှာဖြစ်ပြီး ငွေကျပ်ငါးသောင်းပေးသွင်းကာ နီးစပ်ရာ Samsung ဖုန်းအရောင်းဆိုင်တွေမှာ မှာယူနိုင်ပါတယ်။ Pre Order မှာယူထားသူတွေကို သြဂုတ်လ ၂၄ ရက်နေ့မှာ ထုတ်ပေးသွားမယ်လို့သိရပါတယ်။

Ref: GSMArena