အရွယ်ကြီးမားတဲ့ screen နဲ့ dual camera ပါဝင်တဲ့ Moto Z3 Play

[Zawgyi]




Moto Z3 Play






-နောင်နောင်
Ref: TheVerge

 

[Unicode]

Motorola ဟာ Moto Z3 Play စမတ်ဖုန်းသစ်ကို ပွဲထုတ်မိတ်ဆက်ခဲ့ပါတယ်။ ဒီဖုန်းကို Moto Z2 Play ကို ဖြန့်ချိပြီး တစ်နှစ်အကြာမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အရင် Z ဖုန်းတွေလိုပဲ Z3 Play ကို Moto Mod တွေနဲ့အသုံးပြုနိုင်ဖို့ ဖန်တီးထားပါတယ်။ ဒါကြောင့် Z3 Play ကို လက်ရှိ Moto Mod အားလုံးနဲ့ တွဲဖက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Z3 Play မှာ ပါးလျတဲ့ အလူမီနီယံဘောင်တစ်ခု ပါဝင်ပြီး အရှေ့ဘက်နဲ့ အနောက်ဘက်မှာ Gorilla Glass 3 panel တွေ ပါဝင်လာပါတယ်။

Moto Z3 Play

Display က ၆ လက်မ Super AMOLED ဖြစ်ပြီး resolution က 1,080 x 2,160 pixels ဖြစ်ပါတယ်။ Fingerprint sensor ကို ဖုန်းရဲ့ဘေးဘက်မှာ တပ်ဆင်ထားပါတယ်။

Z3 Play မှာ Snapdragon 636 chipset ကို အသုံးပြုထားပါတယ်။ အဲ့ဒီ chipset မှာ Kryo 260 core ရှစ်ခုနဲ့ Adreno 509 GPU သစ်တစ်ခု ပါဝင်ပါတယ်။ RAM က 4GB ဖြစ်ပြီး သိုလှောင်မှုပမာဏကို 32GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။

ကင်မရာအနေနဲ့ ကျောဘက်ရဲ့ ပင်မကင်မရာက 12MP sensor f/1.7 lens ဖြစ်ပါတယ်။ ဒုတိယကင်မရာက 5MP ဖြစ်ပါတယ်။ Dual-Pixel autofocus ကို ထောက်ပံ့ပေးထားသလို dual-tone LED flash နဲ့လည်း အသုံးပြုနိုင်ပါတယ်။

Selfie ကင်မရာက 8MP f/2.0 lens ဖြစ်ပါတယ်။ ဒါပေမဲ့ LED flash မပါဝင်ပါဘူး။
နောက်တစ်ခုက နားကြပ်ပေါက် မပါဝင်တာပါ။ ဒါပေမဲ့ ဘူးထဲမှာ adapter တစ်ခု ထည့်သွင်းပေးထားပါတယ်။
ဘက်ထရီက 3,000mAh ဖြစ်ပြီး TurboPower 15W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။
Operating system က Android Oreo ဖြစ်ပါတယ်။

Z3 Play ကို Best Buy, Walmart, Target, Fry’s, B&H Photo နဲ့ Amazon တို့ကနေ ရောင်းချသွားမှာဖြစ်ပါတယ်။ တန်ဖိုးက ၄၉၉ ဒေါ်လာဖြစ်ပြီး Motorola ရဲ့ battery mode ပါဝင်ကြောင်း သိရပါတယ်။

-နောင်နောင်
Ref: TheVerge