အရြယ္ႀကီးမားတဲ့ ၁၅.၆ လက္မ screen ပါဝင္တဲ့ Acer Swift 5 ေမာ္ဒယ္သစ္

[ Zawgyi ]

Acer ဟာ အဆင့္ျမွင့္တင္ထားတဲ့ Swift 5 laptop သစ္ကို မိတ္ဆက္ေၾကညာခဲ့ပါတယ္။ အဲ့ဒီ laptop မွာ ၂၀၁၈ laptop ေခတ္ေရစီးေၾကာင္းကို လိုက္တဲ့အေနနဲ႔ bezel အရြယ္အစားကို ေလွ်ာ့ခ်ထားပါတယ္။ ဒါ့အျပင္ အရင္ေမာ္ဒယ္ရဲ႕ ၁၄ လက္မ screen ကို screen-to-body အခ်ိဳး ၈၇.၆ ရာခိုင္ႏႈန္းရိွတဲ့ ၁၅.၆ လက္မ 1080p display နဲ႔ အဆင့္ျမွင့္တင္ခဲ့ပါတယ္။

အဆင့္ျမွင့္ထားတဲ့ Swift 5 မွာ ေနာက္ဆံုးေပၚ eighth-generation Intel processor ပါဝင္ၿပီး မဂၢနီဆီယမ္နဲ႔ အလူမီနီယံ သတၱဳစပ္နဲ႔ တည္ေဆာက္ထားတဲ့ slimmed-down ဒီဇိုင္းနဲ႔ ဖန္တီးထားပါတယ္။ Storage ကို 1TB အထိရရိွႏိုင္ၿပီး RAM ကိုေတာ့ 16GB အထိ ရရိွႏိုင္ပါတယ္။ ဒါေပမဲ့ Acer က အနိမ္ဆံုး configuration နဲ႔ ရရိွႏိုင္မယ့္ processor ေတြကို မေဖာ္ျပခဲ့ပါဘူး။

Port အေနနဲ႔ Swift 5 မွာ USB-C port ႏွစ္ခု၊ USB 3.1 Type-A port ႏွစ္ခု၊ HDMI port တစ္ခုနဲ႔ SD card reader တစ္ခုတို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ Windows Hello နဲ႔တြဲဖက္သံုးႏိုင္တဲ့ fingerprint reader တစ္ခုလည္း ပါဝင္လာပါတယ္။

Swift 5 ေမာ္ဒယ္သစ္ရဲ႕ ေစ်းႏႈန္းနဲ႔ ျဖန္႔ခ်ိမယ့္အခ်ိန္ကိုေတာ့ မသိရေသးပါဘူး။

-ေနာင္ေနာင္
Ref: TheVerge

===========

[ Unicode ]

အရွယ်ကြီးမားတဲ့ ၁၅.၆ လက်မ screen ပါဝင်တဲ့ Acer Swift 5 မော်ဒယ်သစ်

===========

Acer ဟာ အဆင့်မြှင့်တင်ထားတဲ့ Swift 5 laptop သစ်ကို မိတ်ဆက်ကြေညာခဲ့ပါတယ်။ အဲ့ဒီ laptop မှာ ၂၀၁၈ laptop ခေတ်ရေစီးကြောင်းကို လိုက်တဲ့အနေနဲ့ bezel အရွယ်အစားကို လျှော့ချထားပါတယ်။ ဒါ့အပြင် အရင်မော်ဒယ်ရဲ့ ၁၄ လက်မ screen ကို screen-to-body အချိုး ၈၇.၆ ရာခိုင်နှုန်းရှိတဲ့ ၁၅.၆ လက်မ 1080p display နဲ့ အဆင့်မြှင့်တင်ခဲ့ပါတယ်။

အဆင့်မြှင့်ထားတဲ့ Swift 5 မှာ နောက်ဆုံးပေါ် eighth-generation Intel processor ပါဝင်ပြီး မဂ္ဂနီဆီယမ်နဲ့ အလူမီနီယံ သတ္တုစပ်နဲ့ တည်ဆောက်ထားတဲ့ slimmed-down ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။ Storage ကို 1TB အထိရရှိနိုင်ပြီး RAM ကိုတော့ 16GB အထိ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ Acer က အနိမ်ဆုံး configuration နဲ့ ရရှိနိုင်မယ့် processor တွေကို မဖော်ပြခဲ့ပါဘူး။

Port အနေနဲ့ Swift 5 မှာ USB-C port နှစ်ခု၊ USB 3.1 Type-A port နှစ်ခု၊ HDMI port တစ်ခုနဲ့ SD card reader တစ်ခုတို့ ပါဝင်ပါတယ်။ ဒါ့အပြင် Windows Hello နဲ့တွဲဖက်သုံးနိုင်တဲ့ fingerprint reader တစ်ခုလည်း ပါဝင်လာပါတယ်။

Swift 5 မော်ဒယ်သစ်ရဲ့ စျေးနှုန်းနဲ့ ဖြန့်ချိမယ့်အချိန်ကိုတော့ မသိရသေးပါဘူး။

-နောင်နောင်
Ref: TheVerge