အရွယ်ပိုကြီးတဲ့ Galaxy S8 ကို Samsung Galaxy S8+ ဟုခေါ်ဆိုမည်

Evan Blass ရဲ့ Twitter account ကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ ဓာတ်ပုံတစ်ပုံအရ အရွယ်ပိုကြီးတဲ့ Galaxy S8 မော်ဒယ်မှာ iPhone လို Plus လို့မသုံးဘဲ Galaxy S8+ လို့ခေါ်ဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။

Galaxy S8 ကို မတ်လ ၂၉ ရက်မှာ မိတ်ဆက်ပြီး

ဧပြီလ ၂၁ ရက်မှာ ဖြန့်ချိမယ်လို့လည်း Evan Blass က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် Galaxy S8 မှာ ၅.၈ လက်မ screen ပါဝင်ပြီး Galaxy S8+ မှာတော့ ၆.၂ လက်မ screen ပါဝင်မယ်လို့ ဆိုပါတယ်။ မော်ဒယ်နှစ်မျိုးစလုံးရဲ့ display က SAMOLED ဖြစ်တယ်လို့လည်း Evan Blass ရဲ့ tweet မှာ ဖော်ပြထားပါတယ်။

Ref: GSMArena