အရြယ္ပိုမိုေသးငယ္ၿပီး LTE အေထာက္အပံ့ ပါဝင္လာတဲ့ HP EliteBook x360 သစ္

[Zawgyi]

ကုမၸဏီရဲ႕ Elite စီးရီး ကြန္ပ်ဴတာေတြကို အဆင့္ျမွင့္တင္ေနတဲ့ HP ဟာ အေျပာင္းအလဲအနည္းငယ္လုပ္ထားတဲ့ EliteBook x360 ကို မိတ္ဆက္ခဲ့ပါတယ္။

အဲ့ဒီေမာ္ဒယ္သစ္ဟာ အရင္ေမာ္ဒယ္နဲ႔ အလြန္ဆင္တူေပမယ့္ ၁၀ ရာခိုင္ႏႈန္း ပိုမိုေသးငယ္တယ္လို႔ HP က ေျပာပါတယ္။ Display ပတ္လည္က bezel ေတြကလည္း ပိုမိုေသးငယ္လာသလို LTE အေထာက္အပံ့ကိုလည္း ထည့္သြင္းေပးထားပါတယ္။ ဒါေပမဲ့ LTE က optional feature တစ္ခုျဖစ္တာေၾကာင့္ အခေၾကးေငြပိုေပးရမွာ ျဖစ္ပါတယ္။

EliteBook x360 မွာ anti-glare screen coating ပါဝင္သလို webcam ကိုလည္း 1080p အထိ အဆင့္ျမွင့္ထားပါတယ္။ HP ရဲ႕ stylus ကိုလည္း အဆင့္ျမွင့္ထားေပမယ့္ သီးျခားဝယ္ယူရမွာျဖစ္ပါတယ္။ ဒီ stylus မွာ ျမင့္မားတဲ့ presssure sensitivity ဒီဂရီ ပါဝင္သလို USB-C ကေနလည္း အားသြင္းႏိုင္ပါတယ္။ ဒါ့အျပင္ stylus က တစ္ေနရာရာမွာ ေမ့က်န္ၿပီး သတ္မွတ္ထားတဲ့ အကြာအေဝးအျပင္ဘက္မွာ ရိွေနမယ္ဆိုရင္လည္း laptop က သတိေပးသြားမွာျဖစ္ပါတယ္။

HP ဟာ Elite x2 နဲ႔ Elite 1000 all-in-one အပါအဝင္ အျခား Elite စီးရီး ထုတ္ကုန္ေတြကိုလည္း အဆင့္ျမွင့္ခဲ့ပါတယ္။ ဒါ့အျပင္ EliteBook 1050 လို႔ေခၚတဲ့ သီးျခားဂရပ္ဖစ္ပါဝင္တဲ့ ၁၅.၆ လက္မ laptop သစ္တစ္မ်ိဳးကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီထုတ္ကုန္အားလံုးမွာ Intel ရဲ႕ eighth-generation Core i processor ေတြကို အသံုးျပဳထားပါတယ္။ EliteBook x360 ကို ဇြန္လမွာ ၁,၄၄၉ ေဒၚလာနဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ အျခားထုတ္ကုန္ေတြကိုေတာ့ ေနာက္ႏွစ္လအတြင္း ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

ဒါ့အျပင္ HP ဟာ USB-C ကေနသံုးႏိုင္မယ့္ portable display သစ္တစ္မ်ိဳးကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ အရြယ္အစားက ၁၄ လက္မျဖစ္ၿပီး resolution က 1080p ျဖစ္ပါတယ္။ တန္ဖိုးက ၂၁၉ ေဒၚလာျဖစ္ၿပီး ဇူလိုင္လမွာ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

==============

[Unicode]

ကုမ္ပဏီရဲ့ Elite စီးရီး ကွန်ပျူတာတွေကို အဆင့်မြှင့်တင်နေတဲ့ HP ဟာ အပြောင်းအလဲအနည်းငယ်လုပ်ထားတဲ့ EliteBook x360 ကို မိတ်ဆက်ခဲ့ပါတယ်။

အဲ့ဒီမော်ဒယ်သစ်ဟာ အရင်မော်ဒယ်နဲ့ အလွန်ဆင်တူပေမယ့် ၁၀ ရာခိုင်နှုန်း ပိုမိုသေးငယ်တယ်လို့ HP က ပြောပါတယ်။ Display ပတ်လည်က bezel တွေကလည်း ပိုမိုသေးငယ်လာသလို LTE အထောက်အပံ့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒါပေမဲ့ LTE က optional feature တစ်ခုဖြစ်တာကြောင့် အခကြေးငွေပိုပေးရမှာ ဖြစ်ပါတယ်။

EliteBook x360 မှာ anti-glare screen coating ပါဝင်သလို webcam ကိုလည်း 1080p အထိ အဆင့်မြှင့်ထားပါတယ်။ HP ရဲ့ stylus ကိုလည်း အဆင့်မြှင့်ထားပေမယ့် သီးခြားဝယ်ယူရမှာဖြစ်ပါတယ်။ ဒီ stylus မှာ မြင့်မားတဲ့ presssure sensitivity ဒီဂရီ ပါဝင်သလို USB-C ကနေလည်း အားသွင်းနိုင်ပါတယ်။ ဒါ့အပြင် stylus က တစ်နေရာရာမှာ မေ့ကျန်ပြီး သတ်မှတ်ထားတဲ့ အကွာအဝေးအပြင်ဘက်မှာ ရှိနေမယ်ဆိုရင်လည်း laptop က သတိပေးသွားမှာဖြစ်ပါတယ်။

HP ဟာ Elite x2 နဲ့ Elite 1000 all-in-one အပါအဝင် အခြား Elite စီးရီး ထုတ်ကုန်တွေကိုလည်း အဆင့်မြှင့်ခဲ့ပါတယ်။ ဒါ့အပြင် EliteBook 1050 လို့ခေါ်တဲ့ သီးခြားဂရပ်ဖစ်ပါဝင်တဲ့ ၁၅.၆ လက်မ laptop သစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီထုတ်ကုန်အားလုံးမှာ Intel ရဲ့ eighth-generation Core i processor တွေကို အသုံးပြုထားပါတယ်။ EliteBook x360 ကို ဇွန်လမှာ ၁,၄၄၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အခြားထုတ်ကုန်တွေကိုတော့ နောက်နှစ်လအတွင်း ရောင်းချသွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် HP ဟာ USB-C ကနေသုံးနိုင်မယ့် portable display သစ်တစ်မျိုးကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အရွယ်အစားက ၁၄ လက်မဖြစ်ပြီး resolution က 1080p ဖြစ်ပါတယ်။ တန်ဖိုးက ၂၁၉ ဒေါ်လာဖြစ်ပြီး ဇူလိုင်လမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: TheVerge