
အရေးပေါ်အခြေအနေ ဖြစ်ပေါ်ပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ 191 Report App အသုံးပြုပြီး အကူညီတောင်း ခံနိုင်ပါတယ်။ မီးဘေးအန္တရာယ် အပါအဝင် အခြားဘေးအန္တရာယ် တစ်ခုခု အရေးပေါ်အခြေအနေ ဖြစ်ပေါ်နေပါက ဖုန်းအင်တာနက်ဖြင့် ချိတ်ဆက်ပြီး 191 Report ဖုန်း Application မှ တစ်ဆင့် အကူညီတောင်းခံနိုင်မှာ ဖြစ်ပါတယ်။ ဘေးအန္တရာယ် ကြုံလာပါက Application ကို ဖွင့်လိုက်ရုံဖြင့် ဖုန်းကင်မရာ Auto ပွင့်လာမှာဖြစ်ပြီး အန္တရာယ်ကြုံ တွေ့နေတဲ့နေရာမှဓာတ်ပုံကို ရိုက်ပြီးပေးပို့ရမှာဖြစ်ပါတယ်။ ပေးပို့လိုက်တဲ့ ဓာတ်ပုံကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်ရဲ့ ၂၄ နာရီစောင့်ကြပ်ကြည့်ရှုတဲ့ Command & Control Center ကိုရောက်ရှိမှာဖြစ်ပြီး အန္တရာယ်ကြုံတွေ့နေတဲ့နေရာကို အကူညီပေးအပ်မှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ 191 Report ဖုန်း Application ကို Google play Store မှာ 191 early report ဟု ရိုက်နှိပ်ပြီး Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် Register ပြုလုပ်ကာ မှတ်ပုံတင်ပြီး အင်တာနက်ရရှိတဲ့ မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်ပါတယ်။
-ဝေဝေ