အရောင် ၆ မျိုးနဲ့ ထွက်ရှိမယ့် ဈေးသက်သာတဲ့ Samsung Galaxy S20 Fan Edition

ဒီလအစောပိုင်းမှာတော့ Samsung Galaxy S20 Fan Edition ပုံတွေ ထွက်လာပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလည်း Samsung Galaxy S20 ရဲ့CAD သရုပ်ဖော်ပုံများစွာ ထွက်ခဲ့ပါသေးတယ်။ အဲဒီပုံတွေကိုတော့ နာမည်ကျော် Evan Blass ကဖြန့်ချိခဲ့ပြီး Galaxy S20 Fan Edition ကို အရောင် ၆ မျိုးနဲ့ ဖော်ပြထားပါတယ်။

S20 Fan Edition မှာတော့ punch hole display ပါဝင်ပြီး ရုပ်ထွက်အရည်အသွေး FullHD+ နဲ့ 120Hz refresh rate အပြင် မျက်နှာပြင်အရွယ်က ၆.၄ လက်မနဲ့ ၆.၅ လက်မတို့ ဖြစ်နိုင်ပါတယ်။ ကျောဘက်မှာ ကင်မရာကို ဒေါင်လိုက် ထည့်သွင်းထားပါတယ်။ ကင်မရာတွေက 12MP, 12MP ultrawide နဲ့ 8MP telephoto တို့ပဲ ဖြစ်ပါတယ်။

Galaxy S20 Fan Edition ညာဘက်မှာ ပါဝါနဲ့ အသံ အတိုး၊ အကျယ် ခလုတ်တို့ ပါဝင်ကာ အောက်ခြေမှာတော့ USB-C port ပါဝင်လာပါတယ်။ စမတ်ဖုန်းအတွင်းဘက်မှာ Snapdragon 865 SoC ပါဝင်မယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ Geekbench မှာတော့ Exynos 990 chipset သုံးထားတယ်လို့ တွေ့ထားရပါတယ်။

အခြားကောလာဟလ သတင်းတွေကတော့ Galaxy S20 Fan Edition မှာ IP68 နဲ့ ဘက်ထရီ 4,500 ပါဝင်လာပါတယ်။ စမတ်ဖုန်းကို 4G နဲ့ 5G ဗားရှင်းဆိုပြီး ၂ မျိုး ထုတ်လုပ်နိုင်ကာ အောက်တိုဘာမှာ ဒေါ်လာ ၇၆၀ နဲ့ ရောင်းနိုင်ပါတယ်။

စိုးထက်
Ref: GSMArena