အရောင် (၄) မျိုးနဲ့ ထုတ်လုပ်မယ့် Samsung Galaxy Note 20

Samsung Galaxy Note 20 ကို ဩဂုတ် ၅ ရက်မှာ Galaxy Fold 2, Galaxy Z Flip 5G နဲ့ Galaxy Tab S7 တို့နဲ့ တွဲဖက် မိတ်ဆက်မယ်လို့ သိရပါတယ်။ အခုဆိုရင် အချက်အလက်တွေ ဖော်ထုတ်လေ့ရှိတဲ့ Jon Prosser က Samsung Galaxy Note 20 ဟာ အရောင် ၄ မျိုးနဲ့ ထွက်လာမယ်လို့ ပြောလိုက်ပါတယ်။

Samsung Galaxy Note 20 ကို အဖြူ/မီးခိုးနဲ့ မီးခိုး/အဖြူ ၂ ရောင်စပ် ဗားရှင်းထုတ်လုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Galaxy Note 20 ဟာ ကြေးနီရောင်၊ အစိမ်းရောင်တို့နဲ့လည်း ထွက်လာနိုင်ပါတယ်။ Samsung S10e နဲ့ S10 တို့ကို အစိမ်းရောင်နဲ့ ထုတ်လုပ်ထားပြီး လူကြိုက်များပါတယ်။

မကြာမီ အချိန်အတွင်း Samsung Galaxy Z Flip 5G ကိုလည်း ထုတ်လုပ်မယ်လို့ သိရပါတယ်။ Samsung Galaxy Z Flip 5G ကို အနက်၊ ကြေးနီရောင်လည်း ထုတ်လုပ်ပါမယ်။

Galaxy Note 20 နဲ့ Note 20 Plus ဖုန်းတွေမှာ Qualcomm Snapdragon 865 ပရိုဆက်ဆာ ပါဝင်ပြီး (ဈေးကွက်တချို့မှာ Exynos 992 အသုံးပြုနိုင်) RAM 8GB ဒါမှမဟုတ် 12GB နဲ့တွဲဖက်ထားဖွယ်ရှိပါတယ်။ Note 20 Plus မှာ 120Hz မျက်နှာပြင်နည်းပညာပါဝင်လာနိုင်ပြီး S20 စီးရီးက LTPO နည်းပညာကို လည်း သယ်ဆောင်လာနိုင်ပါတယ်။ ဒါကြောင့် refresh rate များပြားပေမယ့် ဘက်ထရီသက်တမ်းကို မထိခိုက်နိုင်ပါဘူး။

Note 20 ကင်မရာပိုင်းကလည်း Note 10 သာလွန်ပြီး ကင်မရာ ၃ လုံးနဲ့ 108 MP lens ပါဝင်လာနိုင်ပါတယ်။ S20 Ultra ဗားရှင်းထွက်လာခဲ့ရင် 100x zoom နည်းပညာပါဝင်နိုင်တယ်လို့ ကောလာဟလထွက်ပေါ်နေပါတယ်။

စိုးထက်
Ref: TomsGuide