အရပ်သားအဖွဲ့ဝင်တွေပဲ ပါဝင်မယ့် SpaceX အာကာသခရီးစဉ်

SpaceX ဟာ အရပ်သားတွေပဲ ပါဝင်မယ့် ပထမဆုံး အာကာသခရီးစဉ် အစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခု အစီအစဉ်ကတော့ ပုဂ္ဂလိက အာကာသပျံသန်းမှုနဲ့ ဖွံ့ဖြိုးစ အာကာသခရီးသွားလာရေးလုပ်ငန်းအတွက် အရေးပါတဲ့ မှတ်တိုင် ဖြစ်လာပါမယ်။

အခုခရီးစဉ်မှာ SpaceX ရဲ့ Dragon အာကာသယာဉ် အသုံးပြုပြီး Shift4 Payments တည်ထောင်သူနဲ့ စီအီးအို ဂျာရတ်အိုင်ဆတ်မန်းက လူ ၄ ဦးပါ အဖွဲ့ကို ဦးဆောင်ပေးပါမယ်။ အာကာသခရီးစဉ်ကတော့ ဒီနှစ် စတုတ္ထသုံးလပတ် တစ်ချိန်ချိန်မှာ ပြုလုပ်သွားမယ်လို့ SpaceX ကထုတ်ပြန်ခဲ့ပါတယ်။

“သယ်ယူပို့ဆောင်ရေးနည်းလမ်းသစ်တွေ ရှိတဲ့အချိန်မှာ စွန့်ဦးတီထွင်သူတွေလည်း ရှိရပါမယ်။ ပထမတော့ ဈေးနှုန်းကြီးမားနေပါလိမ့်မယ်။ သွားလာတဲ့နှုန်း များလာတာနဲ့ ထုတ်လုပ်တဲ့နှုန်း များပြားလာပြီး နည်းပညာလည်း ပိုကောင်းလာပါမယ်။ ဈေးနှုန်းလည်း လျော့ကျသွားပြီး လူတွေလည်း ပိုမိုနီးစပ်လာပါမယ်” လို့ SpaceX တည်ထောင်သူနဲ့ စီအီးအို အီလွန်မက်က NBC Nightly News အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

-စိုးထက်
Ref: NBCNews

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««